အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 July, 2014

Facebook တွင် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦးဖြစ်လာခဲ့သည့် ကူဟေးဆန်း

 တောင်ကိုရီးယားကြယ်ပွင့် ကူဟေးဆန်းသည် ကမ္ဘာသုံးလူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သည့် facebook တွင် အခြားသောကိုရီးယားမင်းသား၊ မင်းသမီးများထက် follower အများဆုံး ကိုရီးယားမင်းသမီးတစ်ဦး ဖြစ်လာခဲ့သည်။
ကူဟေးဆန်း၏ facebook စာမျက်နှာတွင် ဇူလိုင် ၈ ရက်အထိ follower ပေါင်း ၃ ဒသမ ၇ သန်း ကျော်ရရှိနေပြီဖြစ်ကြောင်း၊
အေဂျင်စီ တစ်ခုတည်းမှ တောင်ကိုရီးယား ကြယ်ပွင့် အနုပညာရှင်များဖြစ်ကြသည့် PSY၊ BigBang နှင့် 2NE1 တို့သည်လည်း follower အများဆုံး နံပါတ် ၂၊ ၃၊ ၄ စသဖြင့် အသီးသီး ရပ်တည်နေကြကြောင်း သိရသည်။

လက်ရှိတွင် မင်းသမီးကူဟေးဆန်းသည် အက်စ်ဘီအက်စ်ရုပ်သံလိုင်းအတွက် Angel Ayes အမည်ရှိ ဒရာမာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်ထားပြီး Daughter အမည်ရှိ မှတ်တမ်းရုပ်ရှင်ကားတွင်လည်း ဒါရိုက်တာ၊ ဇာတ်ညွှန်း နှင့် သရုပ်ဆောင်အဖြစ် ပါဝင်ပုံဖော် ထားကြောင်း သိရသည်။

မျိုးစန္ဒာမောင်

The Mirror Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...