အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 July, 2014

အောင်မြင်မှုဆိုတာထက် ပရိသတ်ပေးတဲ့ နေရာတစ်ခုကိုပဲ လိုချင်ပါတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

အနုပညာအလုပ်ကို လုပ်နေချိန်မှာ ကိုယ့်ဘာသာ စိတ်ထည့်ထားတဲ့ ခံစားချက်က ကိုယ်ဘယ်နေရာ အထိ အောင်မြင်အောင် လုပ်နိုင်လဲ ဆိုတာရယ်၊ ကိုယ်ဘယ်လောက်လုပ်နိုင်လဲ ဆိုတာရယ်၊
ကိုယ့်ကိုယ်ကို သိချင်တာရယ်ကြောင့် ကြိုးစားမှု တစ်ခု လုပ်နေချိန်မှာ အောင်မြင်မှုဆိုတာ ထက် ပရိသတ်ပေးတဲ့ နေရာ တစ်ခုကိုပဲ လိုချင်ပါတယ်လို့ သဉ္ဇာနွယ်ဝင်းက ဆိုသည်။
မိန်းကလေးဆန်ဆန် ကာရိုက်တာ မျိုးတွေကို ဆက်တိုက် သရုပ်ဆောင် နေချိန်မှာ ကိုယ်အလုပ်ချင် ဆုံး ကာရိုက်တာလေးက ဂျစ်ကန်ကန်
ဇာတ်ကောင်မျိုးကို ပိုင်ဆိုင်ထားသော ကောင်မလေး တစ်ယောက် အနေဖြင့် ရိုက်ကြည့်ချင် သေးတယ်လို့လည်း ဆိုသည်။

''ညီမရိုက်နေတဲ့ ပုံစံလေးတွေက မိန်းကလေး ဆန်တဲ့ ကားလေးတွေ များတယ်။ အဲ့ဒါကြောင့် မိန်းကလေး မဆန်ဘဲနဲ့ နည်းနည်း ဂျစ်တစ်တစ် ပုံစံမျိုးလေးတွေ ရိုက်ချင်တယ်။

နောက်တော့ နိုင်ငံခြားကား တွေထဲမှာလို မကောင်းတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ပုံစံကို ပိုင်ဆိုင်ထားပြီး နောက်တော့မှ ပရိသတ်တွေက လုံးဝ သနားသွားတဲ့ ဇာတ်ကောင်မျိုးပေါ့၊ အဲ့လို ကားလေးတွေ ရိုက်ချင် ပါသေးတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကိုယ့်ဆီ ရောက်လာတဲ့ ကာရိုက်တာ တွေကို အကောင်းဆုံး သရုပ်ဆောင် နေပါတယ်''ဟုသူမက ပြောပြသည်။

ဆက်လက်ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ရန်အတွက် ကမ်းလှမ်း ခံထားရသော်လည်း လိုချင်သော နေရာလေး မရသေးလို့ အချိန်ယူ နေခဲ့ရာမှ ယခုအခါ လိုချင်သော နေရာလေး ရလာသောကြောင့် ရုပ်ရှင်ရိုက်ဖို့ ရှိနေကြောင်းကို . . .''ညီမရုပ်ရှင် ရိုက်ဖို့တော့ ရှိပါတယ်။ အခု ကမ်းလှမ်း ထားတာလည်း ရှိတယ်။ အစတုန်းကတော့ ညီမလိုချင်တဲ့ နေရာလေး မရသေးလို့ အချိန်ယူ နေတာ။ ပြီးတော့လည်း ကိုယ်ရဲ့ ပရိသတ်တွေကို ကိုယ့်ရဲ့ အနုပညာ လေးတွေကို ပြချင်တဲ့အတွက် ပါပါတယ်'' ဟု ဆိုပါတယ်။

အိအိမြတ်

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...