အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 July, 2014

ရိုဟင်ဂျာတွေနဲ့ လက်မထပ်ဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ချမှတ်

မြန်မာနိုင်ငံကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ (Credit: ABC)
ဘင်္ဂလားဒေ့ရှ် ​အစိုးရက ​မြန်မာနိုင်ငံ ကနေ လာတဲ့ ​ရိုဟင်ဂျာ ​ဒုက္ခသည်တွေနဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသား တွေကြား ​လက်ထပ်ခွင့် ​ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေလာတဲ့ ​ရိုဟင်ဂျာ ​ဒုက္ခသည် ​တွေဟာ ​နိုင်ငံသား ​ခံယူချင်တဲ့ ​ရည်ရွယ်ချက်နဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားတွေကို ​လက်ထပ် ​ချင်ကြတာ ​ဖြစ်တယ်လို့ ​ဘင်္ဂလားဒေ့ရှ် ​တရား ​သူကြီး ​Syed ​Anisul ​Haque ​က ​ပြောပါတယ်။ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားတွေနဲ့ ​လက်ထပ်တဲ့ ​ရိုဟင်ဂျာ
တွေအနေနဲ့ ​နိုင်ငံသားဖြစ် ​ခွင့်ရှိသွား ​တဲ့အတွက် ​ရိုဟင်ဂျာတွေ ​နဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားကြား ​လက်ထပ်ခွင့် ​ပိတ်ပင်ပြီး ​လက်ထပ် ​စာချုပ်တွေ ​မလုပ်ပေးဖို့ ​ဘင်္ဂလားဒေ့ရှ် ​တရားသူကြီးက ​အမိန့် ​ထုတ်ပြန် ​လိုက်တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံက ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခ ​တွေကြောင့် ​ထောင်နဲ့ချီတဲ့ ​ရိုဟင်ဂျာတွေ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံထဲကို ​ထွက်ပြေးနေကြ ​တာလည်းဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-11/1341768


အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...