သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသော သရုပ်ဆောင်နေတိုးအား မီဒီယာများက ၀ိုင်းဝန်းမေးမြန်းနေကြစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ
ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ခိုးကူးခွေပပျောက် ရေးအတွက် ပြည်သူများပါဝင်
သည့်အဖွဲ့အစည်းတစ်ရပ်ဖွဲ့ကာ ခိုးကူးပြဿနာကို ဖြေရှင်းစေလို ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
‘‘ခိုးကူးခွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက်နဲ့ ဘယ်လို နှိမ်နင်းမလဲ။ ကျွန်တော်တို့အစိုးရ ပဲ မဟုတ်ဘဲနဲ့ ပြည်သူတွေပါ ပါ ၀င်တဲ့အဖွဲ့အစည်းတစ်ရပ်ကို ထူ ထောင်ပြီးတော့ ကျွန်တော်တို့ ဥပဒေထဲမှာ ထည့်တွက်ပြီးတော့ လုပ်ပေးသင့်တယ်လို့စဉ်းစားမိပါ တယ်။ ထပ်ပြီးညှိနှိုင်းပြီးတော့ လုပ်ဖို့တော့ လိုပါတယ်’’ဟု ဇူ လိုင် ၁၂ ရက်က Myanmar PeaceCenter တွင် သမ္မတနှင့် အနုပ ညာရှင်များ တွေ့ဆုံပွဲ၌ သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာ ရှင်များ ပထမဆုံးအကြိမ်တွေ့ဆုံ ၍ အနုပညာလောကတွင် ရင် ဆိုင်နေရသော အခက်အခဲများ တင်ပြခဲ့ချိန် ခိုးကူးနှင့် ပတ်သက်၍ သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုပ်ရှင် လောကသားများ ကိုယ်စား ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကစတင်ပြောကြားခဲ့ရာ မြန်မာ့ရုပ်ရှင်လောက ကျဆင်းနေရသော အကြောင်းရင်းများ ကို အစပြုပြောဆိုခဲ့ပြီး မြန်မာ နိုင်ငံတွင် ရုပ်ရှင်ရုံနည်းပါးနေ ခြင်းနှင့်အတူ ပြသရေးစနစ်ကြန့် ကြာမှုများ၊ ဇာတ်ကားရိုက်ရာ တွင် အဓိကလိုအပ်သော စတူဒီ ယိုများတည်ဆောက်နိုင်ရေးနှင့် ခိုးကူးခွေကိစ္စများ၊ ပြန်ကြားရေး မှ တစ်ဆင့်ပေးသွင်းနေရသော ဗီ စီဒီ၊ ဒီဗီဒီအခွေတစ်ခွေလျှင် တစ် ဆယ်ကျပ်ဖြင့် အခွန်ဆောင်နေရ ခြင်းအတွက် ဆင်ဆာကင်းလွတ် ခွင့်(သို့) လျှော့ပေါ့ပေးစေလိုခြင်း၊ ရုပ်ရှင်ဥပဒေကို လွှတ်တော်၌ လျင်မြန်စွာ အတည်ပြုနိုင်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။
ဂီလောကသားများအတွက် အမှန်တကယ် လိုအပ်နေသော အနုပညာကြေး ရပိုင်ခွင့်များကို ပြေလည်စေနိုင်မည့် ဂီတမူပိုင်ခွင့် ဥပဒေအတည်ပြုရေး၊ မြန်မာသံ သီချင်းများ မပျောက်ပျက်အောင် လုပ်ဆောင်ပေးစေလိုခြင်း၊ ဂီတ အတွက် မရှိမဖြစ် အရာတစ်ခုဖြစ် သည့် စတူဒီယိုတည်ဆောက်ပေး ရေး၊ မြို့နယ်အသီးသီးတွင် ဖွင့် လှစ်ထားသော ဂီတအစည်းအရုံး များအလုပ်လုပ်ရာတွင် အချိန် နှောင့်နှေးမှုများ မဖြစ်စေရေးတို့ ကို ဆောင်ရွက်ပေးပါရန် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေး ကပြောကြားသည်။
ထို့အပြင် သဘင်နေ့ သတ် မှတ်နိုင်ရေး၊ နွေ၊ မိုး၊ ဆောင်း ဇာတ်ကရာတွင် လိုအပ်သော မြေနေရာများသတ်မှတ်ပေးရေး၊ သဘင်ပညာ ဦးမော့လာစေရန် ဆောင်ရွက်ပေးရေး၊ ပွဲမိန့်တောင်းခံရာတွင် အချိန်တစ်လကြာ စောင့်ဆိုင်းရသည့်အတွက် ဇာတ်သမားများတွင် အခက်အခဲများ ကြုံနေရသည့်အတွက် ပွဲမိန့်ရယူရာတွင် အဆင်ပြေစေရေး၊ နံနက် ၂ နာရီခန့်ထိ ဇာတ်သမားများ ကပြရသောကြောင့် ပွဲလုံခြုံရေးအတွက်လည်း စီမံပေးစေလိုကြောင်း သဘင်အစည်းအရုံး ဥက္ကဋ္ဌ ပန်တြာဦးမြကြည်နှင့် သဘင်ပညာရှင်များကိုယ်စား ဦးချမ်းသာတို့က တောင်းဆိုခဲ့ကြသည်။
ရုပ်ရှင်၊ ဂီတ၊ သဘင်လော ကသားများ တောင်းဆိုထားသည် များကို အစိုးရပိုင်းအနေဖြင့် အ လုံးစုံ မလုပ်ဆောင်ပေးနိုင်ပါကလည်း ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည်ဟု သမ္မတကပြောကြားခဲ့သည်။
ထို့အပြင် ရုပ်ရှင်၊ ဂီတ၊ သဘင် သုံးမျိုးစလုံး အတွက် အသုံးဝင်မည့် ဇာတ်ရုံများကို ရန်ကုန်၊မန္တလေးမြို့နှစ်မြို့တွင် တည်ဆောက်ပေးနိုင်ရေးနှင့် ပဲခူးမြို့တွင် ရုပ်ရှင်စတူဒီယိုတည်ဆောက်ရန် မြေနေရာရရှိရေးအတွက် ကြိုးစားပေးမည်ဖြစ်ကြောင်း သမ္မတက ပြောသည်။ ထို့ကြောင့် ဇာတ်ရုံ တည်ဆောက်ရာတွင် ကူညီပေး ရန် အာဆီယံအစည်းအဝေးသို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လာရောက်ချိန်တွင် အကူအညီတောင်းပေးမည်ဟု သမ္မတကပြောကြားသည်။
ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့ အစည်းသုံးခုကို ဖောင်ဒေးရှင်း တည်ထောင်ရန် အဖွဲ့အစည်း တစ်ခုစီလျှင် ကျပ်သိန်း ၅၀ခန့် မတည်ပေးသွားရန် ရှိကြောင်း သမ္မတက ပြောကြားသည်။
ဇူလိုင် ၁၂ ရက် နံနက် ၁၁ နာရီမိနစ်၂၀ ၀န်းကျင်ခန့်က MPC တွင် သမ္မတနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များတွေ့ဆုံပွဲသို့ အနုပညာရှင် စုစုပေါင်း ၁၁၉ ဦးတက်ရောက်ခဲ့ပြီး သမ္မတနှင့် တစ်နာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ကြသည်။
7Day Daily