အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

14 July, 2014

လေလည်သည့် အနံ့ကို ရှူရှိုက်ပါက ကျန်းမာရေး ကောင်းမွန် စေနိုင်ကြောင်း တွေ့ရှိ


 လေလည်စဉ် ထွက်ရှိသည့် အနံ့နှင့် ကြက်ဥပုပ်နံ့ကို ရှူရှိုက်ပါက ကျန်းမာရေး ကောင်းမွန် စေနိုင်ပြီး ကင်ဆာရောဂါကို သာမက အခြားရောဂါ များကိုလည်း ကာကွယ် ပေးနိုင်စွမ်း ရှိကြောင်း အင်္ဂလန် နိုင်ငံ Exeter တက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြသည်။ လူ့ခန္ဓာကိုယ်မှ စားသုံးလိုက်သည့် အစားအစာ များမှ ထွက်ရှိလာသော သေဆုံး ဗက်တီးရီးယား များကို ဓာတ်ငွေ့အဖြစ် ပြန်လည် ထုတ်လွှတ်ရာတွင် ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ်ဓာတ်ငွေ့ ထွက်ရှိလာပြီး ၎င်းဓာတ်ငွေ့အား ရှူရှိုက်ခြင်းသည် ခန္ဓာကိုယ် အတွက် လိုအပ်သည့် ဆဲလ်များကို ရှင်သန်ပေါက်ဖွားရာ နေရာဖြစ်သော Mitochondria အား ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်စွမ်း ရှိကြောင်း ၎င်းသုတေသန ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကြက်ဥပုပ်နံ့နှင့် လေပွခြင်းကြောင့် ထွက်ရှိလာသည့် အနံ့များတွင် ပါဝင်သော ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ် ဓာတ်ငွေ့သည် ရောဂါများအား ကုသရာတွင် အဓိက ကျသော အခန်းကဏ္ဍ တစ်ရပ်အဖြစ် ပါဝင် လာစေ နိုင်မည်ဖြစ်ကြောင်း Medicinal Chemistry Communications ဂျာနယ်တွင် ပါဝင်သည့် သုတေသန စာတမ်းတွင် ဖော်ပြထားသည်။

၎င်းဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဒ်အား အသုံးပြုမှုသည် အလွန် အန္တရာယ် များကြောင်း အများက လက်ခံထားချိန်တွင် အဆိုပါ အနံ့ကို ရှူရှိုက်မှုသည် Mitochondria ကို မပျက်စီးစေဘဲ မူလအတိုင်း ရှိစေသောကြောင့် ကင်ဆာ၊ လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန် ရပ်တန့်ခြင်း၊ အဆစ်ရောင်နာနှင့် ရောဂါကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု အစရှိသည့် ရောဂါများ ဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု Exeter တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာ မတ်ဝှိုက်မန်းက ပြောကြားထားသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...