ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံး ဘောလုံးသမား (ရွှေဘောလုံး)ဆုကို
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ချန်ပီယံ ဂျာမနီအသင်းမှ မူလာကို
ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိသွားခဲ့သည်။ မူလာက ငွေဘောလုံး ဆုဖြင့်သာ
ကျေနပ်ခဲ့ရပြီး ဟော်လန် တောင်ပံကစားသမား ရော်ဘင်က ကြေးဘောလုံးဆု
ဆွတ်ခူးခဲ့သည်။ ဂိုးသွင်းအများဆုံး (ရွှေဖိနပ်)ဆုကို ကိုလံဘီယာ အသင်းမှ
ဂျိမ်းစ်ရိုဒရီဂွက်ဇ်က သွင်းဂိုး(၆)ဂိုးဖြင့် ရရှိခဲ့ပြီး ငွေဖိနပ်ဆုကို
(၅)ဂိုးသွင်းခဲ့သည့် မူလာ၊ ကြေးဖိနပ်ဆုကိုမူ နေမာ၊ မက်ဆီနှင့် ဗန်ပါစီတို့
(၄)ဂိုးစီ သွင်းခဲ့မှုတူညီနေသော်လည်း တစ်ဂိုးစီ ဖန်တီးပေးခဲ့သည့် နေမာနှင့်
မက်ဆီတို့တွင် နေမာက ပွဲကစားချိန်နည်းသောကြောင့် ရရှိခဲ့သည်။ အကောင်းဆုံး
ဂိုးသမား(ရွှေလက်အိတ်)ဆုကို ဂျာမနီဂိုးသမား နူအာ၊ အသက်(၂၁)နှစ်နှင့်အောက်
ကစားသမားများကို ချီးမြှင့်သည့် လူငယ်အကောင်းဆုံးကိုမူ ပြင်သစ်ကွင်းလယ်လူ
ပေါ့ဘာတို့က ဆွတ်ခူးရရှိခဲ့ကြသည်။ အသန့်ရှင်းဆုံး အသင်းဆုကိုမူ ကိုလံဘီယာ
အသင်းက ရရှိခဲ့ကြောင်းသိရသည်။
14 July, 2014
အကောင်းဆုံး ဘောလုံးသမား (ရွှေဘောလုံး)ဆုကို မက်ဆီဆွတ်ခူး
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
July
(56)
-
▼
Jul 14
(12)
- စက်တင်ဘာလဆန်းကစပြီး လမ်းဘေးဈေးသည်များကို ရှင်းမည်
- ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်စခန်း ၆ ခု ဘန်ကောက်တ...
- ကျောင်းလမ်းများရေကြီးရေလျှံ မြွေအန္တရာယ်စိုးရိမ်ရ
- ဘာစားရင် ဘယ်နေရာဝမလဲဆိုတာကို သိလား
- ခိုးကူးပပျောက်ရေးကိစ္စ သမ္မတ ပထမဆုံးအကြိမ်ပြော
- ကုသိုလ်ကံ ကောင်းတယ်ဆိုတဲ့ နွယ်ဒါလီထွန်း
- အကောင်းဆုံး ဘောလုံးသမား (ရွှေဘောလုံး)ဆုကို မက်ဆီဆွတ...
- ကမ္ဘာ့ဖလား ပိတ်ပွဲ အခမ်းအနားနဲ့ ရှကီရာရဲ့ ဖျော်ဖြေမှု
- လေလည်သည့် အနံ့ကို ရှူရှိုက်ပါက ကျန်းမာရေး ကောင်းမွန...
- နေ့ လယ်အရက်သောက်ခြင်းရဲ့ ဆိုးရွားတဲ့ အန္တရာယ် ၅ ချက်
- အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံ့ခေါင်းဆောင်များတက်...
- ဂျာမနီကမ္ဘာ့ဖလား ချန်ပီယံဖြစ်
-
▼
Jul 14
(12)
-
▼
July
(56)