တူုရကီနိုင်ငံမှာကျင်းပမယ့် Miss Globe International 2014 ပြိုင်ပွဲမှာ
မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဂျူးစံသာ ဝင်ရောက်
ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကာလက ဇွန်လ ၁၁ရက်နေ့မှ ဇွန်လ ၂၁
ရက်နေ့အထိ ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲအတွက်အစွမ်းကုန်ကြိုးစားပြင်ဆင်နေတဲ့ အလှမယ်ဂျူးစံသာက
” ပြိုင်ပွဲ အတွက်လိုအပ်တဲ့ Training တွေကို ပုံမှန်လေ့ကျင့်နေပါတယ်။ ဆရာမခေမီကိုဆီမှာအကသင်နေပါတယ်။ ဥက္ကလာဂေါက်ကွင်းမှာ ဆရာ ဦးဟန်ထွန်းနဲ့ ဂေါက်ဖ်ရိုက် သင်နေပါတယ်။ Micasa မှာလည်း ပုံမှန်ရေကူး ဖြစ်ပါတယ်။ Utopia Tower မှာလည်း ပုံမှန် Fitness ကစားဖြစ်နေပါတယ်။

ဖိလစ်ပိုင်မှာသင်ယူခဲ့တဲ့ Catwalk training တွေ၊ မိတ်ကပ်ပိုင်း ဆိုင်ရာတွေ
ကိုလည်း ပြန်ပြီးလေ့ကျင့် ဖြစ်ပါတယ်။ ဖိလစ်ပိုင်က သင်တန်းတွေ ကလည်း
ညီမအတွက် အထောက်အကူ အများကြီး ဖြစ်ပါတယ်။ ဒီမှာလေ့ ကျင့်မှုလုပ်မှ
ပြိုင်ပွဲမှာ အရာအားလုံးအဆင်ပြေမှာ ဖြစ်တဲ့အတွက်ညီမ ဒီမှာ လေ့ကျင့်မှု
တော်တော် များများပြုလုပ်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ဒီပြိုင်ပွဲရဲ့ Talent show မှာ ဂျူးစံသာ ရခိုင်ဆီမီးခွက်အကဖြင့် ကပြယှဉ်ပြိုင် မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ တူရကီနိုင်ငံမှာကျင်းပမယ့် ၈၉ ကြိမ် မြောက် Miss Globe International 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဦး ဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အလှမယ် ဂျူးစံသာကို ၂ဝ၁၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ကကရဝိက်နန်းတော်မှာ Miss Globe Myanmar 2014 အလှမယ်ရွေးချယ်ပွဲ ပြုလုပ်ပြီးနယ် ပယ်အသီးသီးမှ အကဲဖြတ် ဒိုင်များ ဖြင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Myanmar News Media