အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2014

ထိုင်းစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲဆောက်မြို့ရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား ဖမ်းဆီး

Myanmar Online News's photo.
Myanmar Online News's photo.
ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တရားမ၀င် နေထိုင်သူများကို ဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မဲဆောက်အပါအ၀င် ကိုးမြို့ နယ်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော် ၀င်ရောက်လုပ်ကိုင်လျက်ရှိပြီး ထိုင်းအာဏာပိုင်များက အထောက်အထားမဲ့ မြန်မာနိုင်ငံသား အလုပ်သမားများအား ဇွန် ၃ ရက် နံနက် ဝေလီဝေလင်း အချိန်က မဲဆောက်မြို့ပြင်ရှိ ဘန့်စောင်ခွဲရပ်ကွက်အား ဒေသခံထိုင်းစစ်တပ်၊ ထိုင်းရဲ၊ ထိုင်းလ၀က၊ ထိုင်းနယ်ခြားစောင့်တပ်နှင့် မဲဆောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် ပူးပေါင်းအဖွဲ့များက ၀င်ရောက်စစ်ဆေး ဖမ်းဆီးသည့်အတွက် မြန်မာလုပ်သား အများအပြား ဖမ်းဆီးခံရကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားများအား မြ၀တီဘက်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဆိုသော်လည်း အလုပ်အကိုင်ရှားပါး၍ နီးစပ်ရာသောင်ရင်း ကမ်းစပ်တွင် လာရောက်လုပ်ကိုင်ကြသူများ အခက်ကြုံလျက်ရှိသည်ဟု ဆိုသည်။ ထို့အပြင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား လက်ခံထားသည့် ထိုင်းအိမ်ပိုင်ရှင်များနှင့် နေထိုင်ခွင့်ပြုထားသည့် လုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဟုလည်း ထိုင်းအာဏာပိုင်များ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားများအား အာဏာသိမ်း ထိုင်းတပ်မတော်နှင့် အဖွဲ့စုံတို့က အခြားရပ်ကွက်များတွင်လည်း ဆက်လက်ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံမှလာသော သတင်းများအရ သိရသည်။

မဲဆောက်အပါအ၀င် တာ့ခရိုင်ကိုးမြို့နယ်အတွင်း အထည်ချုပ်၊ သိုးမွေး၊ စက်မှုလက်မှုအပါအ၀င် အလုပ်ရုံစက်ရုံ အမြောက်အမြားရှိရာ မြန်မာနိုင်ငံသား နှစ်သိန်းခန့် နေထိုင်လုပ်ကိုင်လျက်ရှိကာ အများစုမှာ အထောက်အထားမဲ့ နေထိုင်လုပ်ကိုင်ပြီး ဘ၀ကို ရုန်းကန်နေကြရကြောင်း သိရသည်။

မဲဆောက်မြို့တွင် ဇွန် ၃ ရက် နံနက်ပိုင်းက ဖမ်းဆီးခံထားရသော အထောက်အထားမဲ့ မြန်မာအလုပ်သမား မိသားစုများအား တွေ့ရစဉ်

မဲဆောက်မြို့တွင် ဇွန် ၃ ရက် နံနက်ပိုင်းက ဖမ်းဆီးခံထားရသော အထောက်အထားမဲ့ မြန်မာအလုပ်သမား မိသားစုများအား တွေ့ရစဉ်

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...