အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ အစိုးရစစ်ပြောင်း


ယခုပညာသင်နှစ်မှစ တင်၍ အခြေခံပညာကျောင်းများ ၏ စတုတ္ထတန်းနှင့် အဋ္ဌမတန်း များ၏ အတန်းတင်စာမေးပွဲများ ကို အစိုးရစစ်စနစ်သို့ ပြောင်း လဲ စစ်ဆေးသွားမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာနသည် မူလတန်းမှ န၀မတန်းအထိ ကျောင်းတွင်းစစ်ဆေး၍ သတ္တမ တန်းအထိ အအောင်ပေးသော စနစ်ကို ကျင့်သုံးနေပြီး ဒသမတန်းသို့ရောက်ရှိမှသာ တက္ကသိုလ်ဝင် စာမေးပွဲအမည်ဖြင့် အစိုးရစစ် စနစ်ကို ကျင့်သုံးဆောင်ရွက်နေ သည်။

‘‘ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးသဘောတူညီထားပြီးပါပြီ။ တရားဝင်စာ တော့ မထွက်လာသေးဘူး။ လေး တန်းကို ခရိုင်က စစ်မယ်။ ရှစ်တန်းကို တိုင်းက စစ်ဆေးမယ်’’ ဟု ပညာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် အခြေခံ ပညာအဆင့် စာမေးပွဲများကို အခန်းဆုံးစနစ်ဖြင့် စစ်ဆေးနေ ခြင်းဖြစ်ပြီး အစိုးရစစ် စနစ် ပြောင်းလဲကျင့်သုံးပါက သင်ခန်း စာအားလုံးထဲမှ မေးခွန်းထုတ် စစ်ဆေးသော စနစ်ကို ဆောင် ရွက်မည်ဖြစ်သည်။

‘‘အခုလို အခန်းဆုံးစစ် ဆေးတဲ့ စနစ်မဟုတ်တော့ဘူး။ သင်ခန်းစာအားလုံးကို လေ့လာရ တော့မှာပါ။ မေးခွန်းကတော့ တစ်စုံပဲ ထုတ်မယ်။ တက္ကသိုလ် ၀င်စာမေးပွဲလိုပဲပေါ့။ စာမေးပွဲ အကျ၊ အရှုံးလည်းရှိလာမှာပါ’’  ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ပညာရေးဝန်ကြီးဌာနက စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို အစိုးရစနစ်သို့ ပြောင်းလဲကျင့် သုံးရန် သဘောတူညီထားသော် လည်း အခြေခံပညာကျောင်းများ မှ ဆရာ၊ ဆရာမများအနေဖြင့် ယင်းအချက်ကို တိတိကျကျသိရှိ ထားမှုမရှိသေးပေ။

‘‘ဒီလိုပဲကြားနေတာပဲရှိသေး တယ်။ အသေအချာမသိသေး ဘူး။ စာလည်း မထွက်လာသေး ဘူး။ အစိုးရစနစ်ပြောင်းသွားရင် တော့ ကျောင်းသားတွေကို သင် ခန်းစာအားလုံး ကျေညက်နေ အောင် သင်ကြားရတော့မယ်’’ဟု ပဲခူးမြို့နယ်ရှိ အခြေခံပညာ အ ထက်တန်းကျောင်းမှ အလယ် တန်းပြ ဆရာမတစ်ဦးက ပြော သည်။

ဦးသိန်းစိန် အစိုးရသည် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြေညာထားပြီး တက္က သိုလ် ပညာသင်နှစ်များ တိုးမြှင့် သတ်မှတ်ခဲ့သကဲ့သို့အခြေခံပညာ  သင်နှစ်များ တိုးမြှင့်ရန် စီစဉ်လျက်ရှိရာ ယခုအခါ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို အစိုးရစစ်ပုံစံ ပြောင်းလဲမည့် သတင်းထွက်ပေါ် လာခြင်းဖြစ်သည်။

Author: နေလင်းထွန်း
7DAY DAILY

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...