26 April, 2014
မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထိုင်းဘုန်းကြီး ၂ ပါးကို မြန်မာနိုင်ငံသား အယောက် ၃၀ ဖြင့် တက်ခ်-မဲဆောက် လမ်းပေါ်တွင် ထိုင်းရဲများ ဖမ်းဆီးရမိ
သတင်းပေးမှုအရ ထိုင်းရဲများက အဆိုပါ နယ်စပ်လမ်းမကြီးပေါ်တွင် စောင့် ဆိုင်းဖမ်းဆီးခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိသည်။ အဆိုပါ ဘုန်းကြီးများသည် ထိုင်းနိုင်ငံတွင် တန်ခိုးရှင်များဟု နာမည်ထွက်နေ သည့် ဘုန်းကြီးကျောင်းမှ ဖြစ်ကြောင်း သိရသည်။ ၄င်းကျောင်း၏ အလှူခံပုံ နှင့် တရားပွဲများမှာလည်း မကြာခဏဆိုသလို တိုင်ကြားမှုများ ရှိနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက
ဖော်ပြထားသည်။
ယခု ဖမ်းဆီးရမိသည့် ထိုင်းဘုန်းကြီးနှစ်ပါးမှာ သက်တော် ၅၃ နှစ်နှင့် သက်တော် ၄၈ နှစ်တို့ ရှိပြီးဖြစ်ပြီး ဖမ်းဆီးရမိသည့် ကားများတွင် သာသနာ့အလံများ ကျောင်းတံဆိပ်များကို တပ်ဆင်ထားကြောင်းသိရှိရသည်။
ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ယောက်နှင့် အမျိုးသမီး ၁၈ ယောက်တို့ ထိုင်းရဲမှာ ထိန်းသိမ်းထားပြီး ၄င်းတို့မှာမူ ထိုင်းတွင် အလုပ်ရှာ၇န်လာခဲ့ကြောင်း စစ်ချက်များအရ သိရသည်ဟု ဆိုသည်။
ထိုင်းရဲမှာ အဆိုပါ ကျောင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့သည့် ဘုန်းကြီးများကို လူကုန်ကူးမှု အက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြပါရှိပါသည်။
Credit to The Ladies News Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
April
(20)
-
▼
Apr 26
(9)
- ၁၂ နှစ်အရွယ်မိန်းကလေးက ၇ ပေါင် ကလေးမွေးသတဲ့
- မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံသို့ လူကုန်ကူးသည့် ထ...
- လာမည့် ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်း များ၌...
- ဥရောပ-မြန်မာ လေကြောင်းလိုင်း ဖွင့်လှစ်တဲ့ အထိမ်းအမ...
- ကျောက်ချဉ် အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး
- ပထမဆုံး တက်တူးထိုးမယ့်သူတွေအနေနဲ့ သိထားသင့်တဲ့အရာများ
- ကိုယ်နံ့ပြင်းသူတွေ အတွက် အကောင်းဆုံး အကြံပြုချက်
- ကမ္ဘာ့ ဇိမ်အရှိဆုံး ထောင်
- ဘန်ကောက်မှာ ကားသူခိုးတစ်ဦး ဖြစ်ခဲ့တဲ့ မင်းသားအောင...
-
▼
Apr 26
(9)
-
▼
April
(20)