၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်မှ စ၍ အခြေခံ ကျောင်းများတွင်
ရောင်းချ နေသော အန္တရာယ်ရှိ ဓာတုဗေဒ အစားအသောက်ရောင်းချ မှုကို အပြီးသတ်
ပိတ်ပင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ မှ အတည်ပြုပြီး ဖြစ်၍
လက်တွေ့ ကျသည့် ညွှန်ကြားချက် ထုတ်ပြန် ပေးရန် ယမန် နေ့က ကျင်းပသော
ရန်ကုန်တိုင်း ဒေသကြီး ပထမ အကြိမ် လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး
တတိယမြောက်နေ့၌ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေကြီး လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က အဆို တင်သွင်း ခဲ့သည်။
စီမံချက် တွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ ဥပဒေ ရှိပေ မယ့် အဲဒီ ဥပဒေကို
လက်တွေ့ကျကျ အကောင်အထည် မဖော်နိုင်လို့ ကလေးတွေ ဒုက္ခ ရောက်တော့မယ်။ မိဘတွေ
ကလည်း ကျောင်းမှာ ဆရာမတွေ ရှိတယ် ဆိုပြီး လွှဲချတယ်။ ဆရာမတွေ ကလည်း
မိဘတွေ ရှိတယ် ဆိုပြီး လွှဲချတယ်။ အခုက ဆရာမတွေ ကိုယ်တိုင် ကတောင်
ကလေး တွေကို အန္တရာယ် ရှိတာေ တွရောင်းချနေ တာတွေ့ရတယ် ဟု ဒေါက်တာ ညိုညိုသင်း
က ပြောသည်။ လက်ရှိ တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ မရှိသော် လည်း
အမျိုးသား အစားအသောက် ဥပဒေကို ပြဋ္ဌာန်း ပေးထားပြီး FDA အဖွဲ့ အစည်းမှ
လက်တွေ့ကျသည့် စီမံချက်များ ကို ဆောင်ရွက်မှု အားနည်း ကြောင်း ၎င်း က ဆိုသည်။
လက်ရှိ အခြေခံ ကျောင်းများ တွင် ရောင်းချနေသည့် တရုတ် မုန့်များသည်
အထုပ် အပိုး များကို ကလေးများ အကြိုက် ထုပ်ပိုးထား သော်လည်း
အန္တရာယ်ရှိ အစားအသောက်များ ဖြစ်နေခြင်း၊ အချိုရည်များ ရေခဲထုပ်
များတွင် အ သုံးပြုသည့် ဆိုးဆေး များသည် စားသောက်ကုန် များတွင်
သုံးသည့် ဆိုးဆေးများ မဟုတ်ဘဲ ချည်သား ဆိုးဆေးများကို အသုံးပြု နေမှုကို
ထိရောက်စွာ စစ်ဆေးနိုင်မှု မရှိခြင်း အစရှိ သည် များကို တင်ပြ ခဲ့သည်။
တိုင်းဒေသကြီး အစိုးရအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားချက် များပေး၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့မိ မြို့ဖတို့ ပူးပေါင်းကာ ယင်းအန္တရာယ်ရှိ စားသောက်ကုန်များကို အခြေခံပညာကျောင်းများတွင် မရောင်းချနိုင် စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဧပြီ(၂၃)ရက်နေ့က အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (ရန်ကုန်) FDA မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြု လုပ်ရာ FDA အနေဖြင့် ဓာတ်ခွဲခန်း နှင့် လူ အင်အားနည်းပါးခြင်းကြောင့် ဈေးကွက် ရောက် အစားအသောက်နှင့် ဆေးဝါးများကို ထိထိ ရောက်ရောက် စစ်ဆေးနိုင်မှု မရှိသေး ကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို့ အပြင် ရံဖန်ရံခါစီမံချက်များနှင့် တိုင်ကြားမှု များ ရှိလာမှသာ ဓာတ်ခွဲ စစ်ဆေး ပေးနိုင်သည့် အခြေအနေရှိပြီး ပြည်နယ်တိုင်းဒေသကြီး အနှံ့ အပြားတွင် မစစ်ဆေးနိုင်သေးကြောင်း သိ ရသည်။ ဗဟန်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း တင်သွင်းသော အဆို ကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ထောက်ခံခဲ့ပြီး ဧပြီလ (၃၀) ရက်နေ့တွင် ထပ်မံဆွေးနွေးသွားမည် ဖြစ် ကြောင်း သိရသည်။
Messenger News Journal