အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 March, 2014

ပျောက်ဆုံးလေယာဉ် ရှာဖွေဖို့ မလေးအစိုးရက နိုင်ငံပေါင်း ၂၅ နိုင်ငံကို တောင်းဆိုထား

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို မုတ္ဆမ ပင်လယ်မှာ ရှာဖွေနေကြစဉ် (Credit: AFP)
တပတ်ကျော်ကြာ ​ပျောက်ဆုံးနေတဲ့ ​မလေးရှား ​ခရီးသည်တင် ​လေယာဉ်ပေါ်မှာ ​လိုက်ပါ ​စီးနှင်းလာကြ ​သူတွေရဲ့ ​နောက်ဆုံး ​ကိုယ်ရေး ​အချက်အလက်တွေနဲ့ ​ပတ်သက်ပြီး ​သိရဖို့အတွက် ​မလေးရှားအစိုးရက ​သက်ဆိုင်ရာ ​နိုင်ငံတွေကို ​တောင်းဆိုထားခဲ့ပြီး ​အဲဒီအဖြေတွေကို ​စောင့်မျှော်နေတယ်လို့ ​ဆိုပါတယ်။

မတ်လ ​၈ ​ရက် ​စနေနေ့က ​ရေဒါကနေ ​ရုတ်တရက် ​ပျောက်သွားခဲ့တဲ့ ​မလေးရှား ​လေယာဉ်ဟာ ​ပျံသန်းရမယ့် ​လမ်းကြောင်းကနေ ​သွေဖီပြီး ​တခြားလမ်းကြောင်းကို ​နာရီပေါင်း ​၇ ​နာရီလောက် ​ပျံသန်းသွားခဲ့တာကို ​ဂြိုလ်တုကရတဲ့ ​သတင်း ​အချက်အလက် ​တွေအရ ​သိရှိခဲ့ရပါတယ်။

အဲဒီ ​နောက်ပိုင်း ​မှာတော့ ​လေယာဉ်ဟာ ​ပြန်ပေးစွဲ ​ခံခဲ့ရသလား ​ဆိုတဲ့ ​ထင်ကြေး ​ပေးချက်တွေ ​ပိုမို ​ကျယ်လောင် ​လာပြီး ​လေယာဉ်ပေါ်မှာ ​လိုက်ပါ ​သူတွေရဲ့ ​ကိုယ်ရေး ​အချက်အလက် ​တွေကို ​စုံစမ်းဖို့ ​မလေးရှား ​အစိုးရက ​ကြိုးပမ်းနေတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​လေယာဉ် ​မောင်းသူတွေရဲ့ ​အိမ်ကို ​မလေးရှား ​ရဲတွေက ​၀င်ရောက် ​ရှာဖွေမှုတွေ ​လုပ်ခဲ့ကြ ​တယ်လို့ ​သိရပါတယ်။

လေယာဉ် ​ပျောက်ကွယ်မှုမှာ ​လေယာဉ်မှူး ​ပါဝင် ​ပတ်သက်မှု ​မရှိနိုင်ကြောင်း၊ ​လေယာဉ်မှူးဟာ ​တခြားသူတွေကို ​ဂရုစိုက် ​ကြင်နာတတ်သူ ​ဖြစ်တာကြောင့် ​လေယာဉ်ပေါ်မှာ ​တခုခု ​ဖြစ်ခဲ့မယ်ဆိုရင် ​သူရဲ့ ​အသက်ကို ​ပဓာန ​မထားပဲ ​ခရီးသည် ​တွေကို ​ကာကွယ် ​မယ့်သူ ​ဖြစ်တယ်လို့ ​ပီတာချောင် ​ဆိုတဲ့ ​လေယာဉ်မှူးရဲ့ ​မိတ်ဆွေ ​ဖြစ်သူက ​ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ​ပျောက်ဆုံးနေတဲ့ ​လေယာဉ်ကို ​ပြန်လည် ​ရှာဖွေနိုင်ဖို့ ​အတွက် ​နိုင်ငံပေါင်း ​၂၅ ​နိုင်ငံကို ​မလေးရှား ​အစိုးရက ​ပန်ကြား ​ထားပြီ ​အခုဆိုရင် ​ကုန်းတွင်းပိုင်း ​ပင်လယ်ထဲက ​အကြီးဆုံးဖြစ်တဲ့  ​ကက်စ်ပီယန် ​ပင်လယ်(Caspian ​Sea) ​ကမ်းရိုးတန်းကစလို့ ​အိန္ဒိယ ​သမုဒ္ဒရာ ​တောင်ဘက် ​စွန်းပိုင်းအထိ ​ရှာဖွေမှုတွေ ​လုပ်ဆောင် ​နေကြတယ်လို့ ​သိရပါတယ်။

Radio Australia

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...