အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 March, 2014

နွေရာသီကျောင်းပိတ် ရက်မှာ စစ်လွန်းဝတီ ထက် ကြော်ငြာများ ရိုက်ကူးဖို့ရှိကြောင်း ဖခင်ဇူးမြတ်ထက်ပြော



ဇူးမြတ်ထက်နဲ့ ထက်ထက်မိုးဦးတို့ရဲ့ တစ်ဦးတည်းသော သမီးစစ်လွန်း ဝတီထက်က မိဘများရဲ့ အနုပညာသွေးအပြည့်ပါသူ တစ်ဦးဖြစ်ပါတယ်။ သုံးနှစ်အရွယ်သာရှိတဲ့ စစ်လွန်းဝတီထက် ဟာ ပြက္ခဒိန်များ၊ ကြော်ငြာများမှာ ဓာတ်ပုံများရိုက်ကူးနေသလို၊ MISY ကျောင်းမှာလည်း ပညာသင် ကြားနေပါ တယ်။ သမီးဖြစ်သူ စစ်လွန်းဝတီထက်က အနုပညာကို ဝါသနာပါ တာနဲ့ပတ်သက်ပြီး ဖခင်ဇူးမြတ်ထက် က “သမီးက အနုပညာနဲ့ပတ် သက် လာရင် တအားဝါသနာလည်းပါ တယ်။ အဲဒီအတွက် ကိုတော့ သူ့အမေကအစအဆုံးကိုစီစဉ်ပေးတာ အခု မထက်က သူ့ကျောင်းကြို၊ ကျောင်း ပို့လုပ်တယ်။ မိခင် ဆိုတော့ တခြားလူထက် စိတ်ချရတယ်။ သူက ကင်မ ရာရှေ့ရောက်ရင် အိုက်တင်အမျိုးမျိုးလုပ်တယ်” လို့ ပြော ပါတယ်။ဖခင်ရှု တင်သွားတိုင်း စိတ်ဝင်တစားနဲ့ မေး မြန်းတတ် တဲ့သမီးလေးရဲ့ ချစ်စရာအမူအရာကို ဇူး မြတ်ထက်က

“ကျွန်တော်မနက်ရှုတင်ရှိလို့ ညက ပြင်ဆင် စရာတွေပြင်ဆင်ပြီး သူ့အမေနဲ့စကားပြော နေတာကို သူမြင်သွားတာထင်တယ်။ မနက် ရောက်တော့ အစောကြီးနိုးနေလို့ ကျွန်တော်က မေးလိုက် တယ်။ သမီး ဘာလို့အစောကြီးထတာ လဲ အိပ်ရေးဝပြီလားပေါ့။ သူက ကျွန်တော့်ကို ပြန် ပြောတယ်။ ပါးပါးနဲ့ ရှုတင်သွားဖို့ မီးမီးအစောကြီး ထပြီး အလှပြင်နေတာတဲ့။ မနိုင်ဘူး။ အနုပညာနဲ့ ပတ်သက်လာရင် စိတ် အားထက်သန်တယ်။ ရှုတင်လိုက် သွားရင်လည်း လုံးဝမကြောင်ဘူး” လို့ စစ် လွန်းဝတီထက်ရဲ့ ချစ်စရာအမူအရာတွေကို ပြောပြပါတယ်။ စစ်လွန်းဝတီထက်က ထိုင်းနိုင်ငံမှာ မွေးတဲ့အတွက်ထိုင်းနာမည်ကို ‘srinang farl’ လို့ ပေးထားတယ်။ အဓိပ္ပာယ်ကတော့ ‘အလှကျက်သရေရှိတဲ့ နတ်သမီး’ လို့ အဓိပ္ပာယ်ရကြောင်း ဇူးမြတ်ထက်က ပြောပါတယ်။

Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...