အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 July, 2013

လူမှောင်ခိုဂိုဏ်းအားဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိ

လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သီပေါ်မြို့နယ် နမ့်လန်ရဲစခန်းမှုး၏ အကြောင်းကြားချက်အရ လူမှောင်ခိုဂိုဏ်းအား ဇူလိုင်လ(၄)ရက်နေ့ကဖမ်းဆီးအရေးယူထားကြောင်း ၎င်းရဲတပ်ဖွဲ့မှ သိရသည်။မစန်းစန်းအေးနှင့် မနှင်းရီတို့မှ ဦးဆောင်၍ အပေါင်းအပါ ခြောက်ဦးက သီပေါ်မြို့နယ် နမ့်လန်ကျေးရွာ နေသူ ဦးကျော်ဆန်း၏ သမီးအသက် ဆယ့်တစ်နှစ်အရွယ် မအေးစနိုးအား လစာကောင်းရပြီး ချမ်းချမ်း သာသာ နေရမည်ဟုဆိုကာ တရုတ်ပြည် အလုပ်သွားလုပ်ရန် လွန်ခဲ့သည့်
ဇွန်လက လိမ်ညာခေါ်သွားခဲ့ကြောင်း အမှုဖွင့် အစီရင်ခံစာအရ သိရသည်။

ယင်းမိဘမသိဘဲ လိုက်ပါသွားသည့် မအေးစနိုးအား လူမှောင်ခိုအပေါင်း အပါခြောက်ဦးက တရုတ်နိုင်ငံ လူပွဲစားမှတဆင့် အကျိုးအမြတ် ရယူခဲ့ပြီး တရုတ်အမျိုးသား တစ်ဦးနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြား ပေး ခဲ့ကြောင်း၊ ၎င်းလူမှောင်ခို လုပ်စားသူ ခြောက်ဦးသည် ရွာသို့ ပြန်ရောက် လာ၍ နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့ဝင်တို့က ရှာဖွေပုံစံ သက်သေ အထောက်အထားများဖြင့် လူနှင့် သက်သေပစ္စည်းများကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းလူမှောင်ခိုဂိုဏ်းခြောက်ဦးကို လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းညွန့်က နမ့်လန်နယ်မြေ ရဲစခန်းသို့ တရားလိုပြုလုပ်
တိုင်တန်းရာ(ပ)၁၂/၂၀၁၃ လူကုန်ကူး ပုဒ်မ၂၈(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး နမ့်လန်စခန်းမှုးမှ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ၎င်းတရားခံများ၏ ကြိုတင်ထွက်ဆိုချက်၊ ဖြောင့်ချက်များ ရယူဆောင်ရွက်သွားပြီး တရုတ်နိုင်မှ လူပွဲစားများအား ဖမ်းဆီး အရေး ယူ ဖေါ်ထုတ်နိုင်ရန်မူဆယ်မြို့ လူကုန်တားတပ်ဖွဲ့နှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...