အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား သားမယား ပြုကျင့်သူ
များကို သေဒဏ်ပေးရန် 'ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း' ကို
သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဇူလိုင်
၅ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ပြီး
ပြည်သူ့လွှတ်တော် ဒုတိယ
ဥက္ကဋ္ဌနှင့် လွှတ်တော်တွင်း အပြန်အလှန်
ဆွေးနွေးခဲ့ပြီးနောက် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဦးသိန်းညွန့် အဆိုတင်သွင်းရာတွင် လက်ရှိအချိန်၌ မီဒီယာများတွင်
ဖော်ပြချက်များအရ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား အဓမ္မပြုကျင့်မှုမှာ
များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်သော
နိုင်ငံခြားသား အချို့၏ ရည်ရွယ်ချက်မှာ ကလေးသူငယ်
များနှင့်
ပျော်ပါးလို၍ ဖြစ်ကြောင်း၊ ပြဋ္ဌာန်းဥပဒေ ဆိုသည် ဤပြစ်မှုမျိုး မကျူးလွန်စေရန်
ကြောက်လန့်နေအောင် ဟန့်တားရန် လိုကြောင်း၊ ထို့ကြောင့် ကလေးသူငယ်များအပေါ်
ကျူးလွန်သူများကို ဟန့်တားရန်
အတွက် သေဒဏ်ကို အသုံးပြုရန် လိုကြောင်း အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊ မြန်မာနိုင်ငံမှ
လက်မှတ်ရေးထိုး ထားပြီးဖြစ်သော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စာချုပ်အရ
သော်လည်းကောင်း ကလေးသူငယ်များ၏ အခွင့်အရေးကို ထိရောက်သည့် အကာအကွယ်
ပေးနိုင်ရန် ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ရာဇသတ်ကြီး ပုဒ်မ ၃၇၆
တွင် ကလေးသူငယ်များကို ကျူးလွန်သူကို သေဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်
ဟူသည့်အချက်
ကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်ဟု ဦးသိန်းညွန့်က
ပြောကြားသည်။
''ဒီနေရာမှာ ကျွန်တော်တစ်ခု ပြောချင်ပါတယ်။ ကျွန်တော် တင်သွင်းသည့် ဥပဒေသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဖို့ စေတနာဖြစ်
သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်လေးတော့ ကြားနာခွင့် ပြုသင့်ပါတယ်။ ဥက္ကဋ္ဌကြီး
ပြောဖူးတာ ရှိပါတယ်။ အဆိုတွေ၊ ဥပဒေကြမ်းတွေ တင်တဲ့အခါ ကျယ်ကျယ်ပြန့်ပြန့်
ဆွေးနွေးပြီးမှ အသုံးမလိုဘူးဆိုမှ ပယ်လိုက်ပါလို့။ အခု ကလေးသူငယ်များကို
ကာကွယ်ဖို့အတွက် ဥပဒေကိုတော့ ပြည်သူ့
လွှတ်တော်ကြီးက ကျယ်ကျယ်ပြန့်ပြန့်
ကြားနာနိုင်ဖို့တော့ လက်ခံပေးပါရန် ဒုဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေစွာ
လျှောက်လဲအပ်ပါတယ်'' ဟု ဦးသိန်းညွန်
့က ပြောကြားသည်။
ဦးသိန်းညွန့်၏ အဆိုကို ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ
က''ကလေးသူငယ်တွေကို ကျူးလွန်တဲ့သူတွေကို အပြစ်ကြီးကြီးတွေပေး
မှ နောင်မလုပ်ရဲအောင် ကျွန်မတို့ လွှတ်တော်က ပြစ်ဒဏ်တွေကို တိုးမြှင့်ပေးသင့်ပါတယ်။ ဒီလိုပြစ်မှုတွေ လျော့ကျသွားမယ်လို့ ယုံကြည်ပါ
တယ်'' ဟု ပြောကြားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြန်လည်ရှင်းလင်း
ဆွေးနွေးရာတွင် တရားသူကြီးက ပုဒ်မ ၃၇၆ နှင့် ပတ်သက်သည်များ၊
သေဒဏ်နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ပြစ်မှု
ကျူးလွန်ရာတွင် ပတ်ဝန်းကျင် အခြေအနေ လူနေမှု ဘ၀များနှင့် အမျိုးမျိုးသော
အခြေအနေများ ရှိကြောင်း၊ ထိုအခြေအနေများတွင် ထိုပြစ်မှုကို
ပြစ်ဒဏ်တိုးရုံမျှဖြင့် လျော့နည်းသွားမည်လား ဆိုသည့်အပေါ် စဉ်းစားစရာ
လိုကြောင်း၊ နိုင်ငံတကာတွင်လည်း လူ့အခွင့်အရေးနှင့် ယှဉ်ကာ သေဒဏ်ကို
ပယ်ဖျက်ရန် လုပ်ဆောင်နေသည့် အခြေအနေ
မျိုးတွင် ပြစ်ဒဏ်ကို တိုးသင့် မတိုးသင့်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဆက်လက်
ရှင်းလင်းပြီး ပြင်ဆင်ရန် မသင့်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်သူ့
လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ဥပဒေကြမ်းနှင့် ပတ်သက်၍
အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားပြီးနောက် ဦးသိန်းညွန့်က
နဂိုမူမှာ ယင်းဥပဒေပါ တင်သွင်းထားသော ပုဒ်မငါးခုအနက် ကျန်လေးခု
ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
သို့ရာတွင် လွှတ်တော်ဒုဥက္ကဋ္ဌက ''ဒါနဲ့ပတ်သက်လို့ ဆွေးနွေးပြီးတော့
ရလာခဲ့ရင်ရော ခုနကိုယ်စားလှယ်တော်ကြီး ပြန်ရုပ်သိမ်းသွားတဲ့
ဥပဒေလေးခုကဲ့သို့ပဲ သူကလည်း ဥပဒေဖြစ်ခဲ့ရင် ကြားထဲမှာ ညှပ်ဖို့ကို ဘယ်
ဥပဒေကို ပြင်မှာလဲဆိုတာ အဓိက လိုပါတယ်။ မြန်မာလို ပြဋ္ဌာန်းထားတဲ့ ဥပဒေဆိုရင်
မြန်မာလို ပြဋ္ဌာန်းထားတဲ့ဥပဒေကို ပြင်မယ်။ အင်္ဂလိပ် ပြဋ္ဌာန်း
ထားတဲ့ ဥပဒေဆိုရင်လည်း ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့် အနေနဲ့ အင်္ဂလိပ်လို ပြန်လည်ပြင်ဆင် ရေးသားပြီးတော့ ပြန်ပေးပါ။ ဒါမှ ဆက်ပြီး
ဆွေးနွေးလို့ သင့်ပါတယ်။ ပုဒ်မ ၃၇၆ လည်း ဒီအတိုင်းပဲ ဖြစ်နေပါတယ်'' ဟု
ပြောကြားသည်။
ထို့ကြောင့် ဦးသိန်းညွန့်က လက်ရှိ လွှတ်တော်တွင် ယာယီ ရုပ်သိမ်းပြီး
နောက် လာမည့်လွှတ်တော်တွင် ပြန်လည်တင်ပြမည်ဟု ပြောကြားသည်။
eleven media group
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
July
(52)
-
▼
Jul 06
(12)
- တရားမ၀င် လမ်းကြောင်းမှ လူကုန်ကူးမှုများကို ကယ်ထုတ်...
- ကရင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကိုြ...
- စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကိ...
- မန္တလေးတွင် ယာဉ်ရပ်နား ကန့်သတ် နေရာများ၌ သတ်မှတ်နှုန...
- တာချီလိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်...
- ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေ...
- ယခုနှစ် နှစ်ဝက်အထိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်...
- အလုပ်သမား ၀န်ကြီးဌာနသို့ ဆက်သွယ် အလုပ်လျှောက်ထားသည...
- "နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြ...
- လူမှောင်ခိုဂိုဏ်းအားဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိ
- ဆင်ဆာ လွတ်လပ်ခွင့် ရှိပေမယ့် မြန်မာတွေ ကြည့်ရှု အဆင...
- လေဒီဂါဂါက ချစ်သူအတွက် တန်ဖိုးကြီးကျောပိုးအိတ် မွေး...
-
▼
Jul 06
(12)
-
▼
July
(52)