မန္တလေးမြို့တွင်း ယာဉ်ရပ်နား ကန့်သတ်နေရာများ၌ယာဉ်ရပ်နား
၁၀၀ နှင့်ကား တစ်စီးလျှင်တစ်နာရီကြာ ရပ်နားချိန်ထိ ကျပ် ၁၀၀၊ တစ်နာရီထက် ကျော်လွန်ပါက ၂၀၀ ဟု သတ်မှတ် ထားသော်လည်းသတ်မှတ်နှုန်းထား
နေကြောင်း မြို့ခံများက ပြောကြားခဲ့သည်။
''ဆိုင်ကယ် ကျပ် ၂၀၀၊ ကားဆို ကျပ် ၅၀၀ ကောက်နေကြတာ။ဆိုင်ကယ်
တစ်စီး ကျပ် ၃၀၀ ကောက်တဲ့ နေရာတွေလည်း ရှိတယ်။ တစ်နာရီ
အောက်တွေ တစ်နာရီ အထက်တွေဆိုတဲ့ အချိန်သတ်မှတ်ချက်လည်း မရှိဘူး။ တစ်မိနစ်ရပ်လည်း ဒီနှုန်းပဲ'' ဟု မြို့ခံတစ်ဦးက ပြောကြားသည်။
''ယာဉ်ရပ်နားကန့်သတ် ခြောက်နေရာနဲ့ စက်ဘီး၊ ဆိုင်ကယ်၊ ကားအပ်နှံ
ကောက်ခဲ့တဲ့ ၄၃ နေရာ ရှိတယ်။ ဒီနှစ်ပိုင်းတွေမှာ သတ်မှတ် နှုန်းတွေထက် ပိုမိုကောက်ခံလို့ တိုင်ကြားတာတွေ များလာလို့ စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး သတိပေး စိစစ်တာတွေ လုပ်ပါတယ်'' ဟု အခွန်ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ရှင်းပြခဲ့သည်။
''ဘုရားကြီးသွားရင် ကျပ် ၃၀၀၊ ဈေးချိုသွားရင် ၂၀၀ ကျပ်၊ ဘယ်နေရာမှာ
မဆို ရပ်နားခက အရင်ထွက်ပြီ။ နောက်ပြီး ဆက်သွယ်ရေးရုံး ဖုန်းဘေလ် သွားဆောင်တာ ဆိုင်ကယ်အပ်ခ ကျပ် ၂၀၀ နဲ့ တစ်ခေါက်တည်း မပြီးရင် ကျပ် ၄၀၀ ပေးနေရတယ်'' ဟု ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
မြို့တော်စည်ပင် အခွန်ဌာနမှ ထုတ်ပြန်ထားသည့် လေလံစည်းကမ်း ချက်များတွင် ယာဉ်ရပ်နားခ ကောက်ခံရမည့် သတ်မှတ် နှုန်းထားများကို အများမြင်သာသော စာလုံးဖြင့် အနည်းဆုံး သုံးနေရာတွင် စိုက်ထူချိတ်ဆွဲ ထားရမည်ဖြစ်ပြီး ပိုမိုကောက်ခံပါက သတိပေးခြင်းနှင့် ပထမအကြိမ် ဒဏ်ငွေနှစ်သိန်း၊ ထပ်မံကျူးလွန်ပါက လိုင်စင်ရုပ်သိမ်းကာ လုပ်ငန်း အာမခံငွေကို ကော်မတီပိုင် သိမ်းဆည်းမည် ဖြစ်ကြောင်း သတ်မှတ်
ထားသည်။
eleven media group