မြန်မာ နိုင်ငံ စစ်သင်္ဘော တစ်စီးဟာ ပထမဆုံး အကြိမ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ
လေးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဘင်္ဂလား စစ်တကောင်း ဆိပ်ကမ်းကို ဇွန်လ ၇
ရက်နေ့က ရောက်ရှိ ခဲ့ပါတယ်။
အက်ဖ် ၂၃ - မဟာသီဟသူရ အမည်ရတဲ့ ဒီစစ်သင်္ဘောဟာမှာ အရာရှိ (၁၅) ဦး အပါအဝင် တပ်သား ၁၂၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ခရီးစဉ် အတွင်းမှာ ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ်တွေဆီး သွားရောက် လည်ပတ် ကြမှာ ဖြစ်ပြီး ချစ်ကြည်ရေး အားကစားပွဲ တွေနဲ့ ယဉ်ကျေးမူ ဖလှယ် တာတွေကိုလည်း ပြုလုပ်ကြမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကတော့ ၂ နိုင်ငံ ရေပိုင်နက် အငြင်းပွား မှုတွေကြောင့် ရေတပ်တွေ အချင်းချင်း အကြားမှာ မပြေလည် မှုတွေ ဖြစ်ခဲ့ဖူးပါတယ်။
BBC