ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော်
အတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသား လေ့လာသူများအား ဝင်ကြေးများ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။“နဂို မူလ နှုန်းတွေထက် ၅ ဒေါ်လာစီ တိုးမြှင့်ကောက်ခံဖို့ စီစဉ်နေပါတယ်။ အရင်က ရှေးဟောင်း သုတေသန ကနေ ကောက်ခံတာပါ။ အခုကျတော့ Myanmar Tourism Federation က တရားဝင် လွှဲပြောင်းလုပ်ကိုင်ရမှာ
ဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။
ယင်းသို့ လွှဲပြောင်း လုပ်ကိုင်နိုင်ရန်အတွက် နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုကာ ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။
“ဌာနနဲ့ Myanmar Tourism Federation နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို
ရှေ့နေချုပ်ရုံးက လိုတာပိုတာတွေ စိစစ်ပြီးမှ လုပ်ငန်း လွှဲပြောင်းပေး
ရမှာပါ” ဟု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။
လက်ရှိအချိန်တွင် ပုဂံဒေသတွင် နိုင်ငံခြားသား တဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ ကောက်ခံလျက်ရှိသည်။ ထို့အပြင် ပုဂံပြတိုက်သို့ ၅ ဒေါ်လာ၊ နန်းတော်အတွင်းသို့ ၅ ဒေါ်လာနှုန်းဖြင့် ကောက်ခံလျက်ရှိသည်။
“Myanmar Tourism Federation ရဲ့ လွှဲပြောင်းလုပ်ကိုင်မှုက ဇူလိုင်လလောက်မှာ အကောင်အထည်ဖော်လာနိုင်ဖွယ် ရှိပါတယ်။
ကောက်ခံမှု အသစ်အရ ပုဂံဇုန် ဝင်ကြေးက ၁၅ ဒေါ်လာ။ ပုဂံပြတိုက်နဲ့ နန်းတော် အတွင်း ဝင်ကြေးက ၁၀ ဒေါ်လာစီ ပေးဆောင်ရမှာပါ” ဟု ဦးနိုင်ဝင်း က ပြောသည်။
ဝင်ကြေးများ၏ ၈၅ ရာခိုင်နှုန်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ပေးသွင်း
ရမည် ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
“Myanmar Tourism Federation က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှု အောက်မှာ ရှိနေတော့ တိုးမြှင့်ကောက်ခံရတဲ့ ဇုန်ဝင်ကြေးတွေကို ထင်ထင်ရှားရှား ထုတ်ပြန်ကြေညာပြီး ခရီးသွား
လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အမှန်တကယ် အသုံးပြုကြောင်းကိုလည်း ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှလည်း ဖွံ့ဖြိုးမှုတွေကိုမြင်လာရမှာ ဖြစ်ပါ
တယ်” ဟု ပုဂံ ဧည့်လမ်းညွှန် ဦးအောင်ကို က ပြောဆိုသည်။
Mizzima

လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အမှန်တကယ် အသုံးပြုကြောင်းကိုလည်း ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှလည်း ဖွံ့ဖြိုးမှုတွေကိုမြင်လာရမ