အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 May, 2013

KIA အဖွဲ့များ တပ်အင်အားတိုးချဲ့လျက်ရှိ

KIA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညှိနှိုင်းနေစဉ် KIA တပ်များတိုးချဲ့ လျက်ရှိကြောင်း ကချင်ပြည်နယ် မှဒေသခံများ၏ ပြောဆိုမှုအရ သိရှိရပါသည်။ အစိုးရဘက်က မည်သို့သော လိုက်လျောမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ KIA အနေဖြင့် လက်နက်ကိုင်ဆောင်ခြင်းကို စွန့်လွှတ်မှာ မဟုတ်ကြောင်း မေလ(၃)ရက်နေ့က ဆဒုံးမြို့နယ်ရုံးမှာ ကျင်းပသည့် KIO အထူးအစည်းအဝေးမှာ KIO ခေါင်းဆောင်တစ်ဦးက ပြောဆိုခဲ့ပါသည်။

KIA အနေနဲ့ တပ်တွေကိုတိုးချဲ့ဖွဲ့သွားမှာဖြစ်သလို အမျိုးသမီးအမှုထမ်းများကို ခေါ်ယူမှာဖြစ်လို့ မိမိတို့KIA တပ်များ၏ နယ်မြေအလိုက် အရွယ်ကောင်းသည့် အမျိုးသား၊ အမျိုးသမီးများကို စည်းရုံး သိမ်းသွင်းပြီး KIA မှာ စစ်မှုထမ်း ဆောင်ဖို့ တပ်သားသစ်အဖြစ် စုဆောင်းကြဖို့ကိုလဲ အဲဒီအစည်းအဝေးမှာ KIO ခေါင်းဆောင် များက ဆုံးဖြတ်ခဲ့ကြကြောင်း၊ KIA တပ်ကနေ ခွင့်နဲ့မိဘရပ်ထံ ပြန်သွားနေ သူများကိုလည်း အမြန် ဆုံး ပြန်လာကြဖို့ အကြောင်းကြားမှုများလည်း ရှိနေ ကြောင်း၊ အကြောင်း အမျိုးမျိုးဖြင့် ခွင့်ပြန် မလာ သူများနှင့် ထွက်ပြေးတိမ်းရှောင်နေ သူများကိုလည်း KIA တွင် ပြန်လည် တာဝန်ထမ်းဆောင်ပါက အပြစ်ပေး မှုမရှိဘဲ ထားမှာဖြစ်ပြီး ပြန်လည် ရောက်ရှိခြင်းမရှိသောသူများကို သေဒဏ်ချမှတ် သည် အထိ ရေးယူ မည်ဖြစ်ကြောင်း အစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့တော် KIA တပ်ဖွဲ့ ၀င် ဘရန်ခေါင်က ပြောပြခဲ့ပါသည်။
 
From...ကချင်နေ့စဉ်သတင်း

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...