အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 May, 2013

ဒိတ်ဒိတ်ကြဲ ဒီဗီဒီရိုက်တော့မယ့် စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်က ဝတ်မှုံရွှေရည်နဲ့ အမေရိကန်ဗွီးရှင်း မျက်မှန်ကြော်ငြာကို ရိုက်ကူးနေပါတယ်။ ကြော်ငြာရိုက်ကူး ပြီးရင် ပြင်ဦးလွင်မှာ ချစ်သုဝေ၊ ရတနာဖြူဖြူအောင် တို့နဲ့ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီးရင် ‘ဒိတ်ဒိတ်ကြဲ’ ဒီဗီဒီရိုက်ကူး မယ်လို့ ပြောပြပါတယ်။စိုင်းစိုင်းရဲ့ အခွေတွေမှာ မော်ဒယ် တွေ ကို မထပ်အောင်သုံးလေ့ရှိတာကြောင့် ဒီအခွေနဲ့ပတ်သက် ပြီးမေးကြည့်ဖြစ်တော့…  “ကျွန်တော့် ရှေ့အခွေတွေမှာ မော်ဒယ်တွေကို ထပ် အောင် မသုံးခဲ့ဘူး ဆိုပေမယ့် အခုဒီအခွေမှာတော့ မပြောတတ် သေးဘူး။ အခုမှပရော ဂျက်စရမှာဆိုတော့ တိတိကျကျ ပြော စရာ မရှိသေးဘူး။ ဘယ်လို ရိုက်ရမယ်ဆိုတာလည်း မဆုံးဖြတ်ရသေးဘူး” လို့ ပြောပြပါတယ်။

 ကိုယ်တိုင်လည်း စာ တွေရေး ဖြစ်နေလို့ စာပေနဲ့ပတ်သက် ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ ခံယူ ချက်ကိုလည်း မေးကြည့် ဖြစ်ခဲ့ပါတယ်။”ကျွန်တော်က စာဖတ်တာ ဝါသနာ ပါတယ်။ စာရေးရတာ လည်းလက်တွေ့ အတွက် အပျော်တမ်းအဆင့် စာရေးတာပါ။ ခေါင်းထဲ မှာဇာတ်လမ်းတွေ လည်း ရှိတယ်။ စကားလုံးတွေ လည်း ရှိတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ သီချင်းတွေ ပဲ ရေးဖြစ်နေတယ်။ ကဗျာ လို့ ခေါ်လား၊ မခေါ်လား တော့ မသိဘူး။ အဲဒီလို အတို အစလေးတွေရေးဖြစ်တယ်။ စာအုပ်ကြီး တစ်အုပ်လုံး ထွက်ဖို့ကျ တော့ မပြောနိုင်သေးပါဘူး။ ကျွန် တော် ရေးချင်တာရေးတာပဲ။ ပညာ ရှင်တွေက ကဗျာလို့သတ်မှတ်ရင် လည်းကဗျာပေါ့။ ကျွန်တော်အာရုံရတာ၊လက်တွေ့တွေ၊ခံစား ရတာတွေကိုရေးလေ့ရှိပါတယ်။ ကျွန်တော် တို့ အရင်ခေတ်တုန်းက စာအုပ်ဖတ်ခြင်းက တအားကို အသိဗဟုသုတပေးနိုင်တဲ့ နေရာပေါ့ မီဒီယာတွေက အင်တာနက်၊ တီဗီ၊ Google တွေ၊ ရေဒီ ယို၊ ဆက်တလိုက်တွေ၊DVDခွေ တွေရှိတယ်ဆိုတော့ အသိပညာ ကိုဘယ်နေရာက မဆိုရနေတာ ပါပဲလေ” လို့ပြောပြပါတယ်။

မေမွန်မောင်

By Popular Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...