အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

07 May, 2013

သံလွင်တံတား ( မော်လမြိုင် ) ၂၄ နာရီ ဖြတ်သန်းခွင့်ပြုထား

 
မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင် မြို့အ၀င် တံတားကြီးမှာ ယခင်က နံနက် ၆ နာရီမှ ညနေ ၈ နာရီ အထိသာ နယ်မြေ လုံခြုံရေး အရ ဖြတ်သန်းခွင့် ပြုခဲ့ရာ ယခုအခါ ပွင့်လင်းမြင်သာသော လူ့ဘောင် စနစ်သို့ ပြောင်းလဲလာပြီဖြစ်၍ အဆိုပါသံလွင်တံတား ( မော်လမြိုင် ) အား ၂၄ နာရီ ဖြတ်သန်းခွင့် ပြုထားပြီး ဖြစ်ကြောင်းသိရသည်။ 
 ထိုကဲ့သို့ အချိန်မရွေးဖြတ်သန်းခွင့်ပြုထား၍ ခရီးသွားပြည်သူများ များပြားလာပြီး ကမ္ဘာလှည့် ခရီးသွားများလည်း ၀င်ရောက်မှု ရှိလာကြောင်းသိရသည်။ နိုင်ငံတော်အစိုးရမှလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသောကြောင့် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားမှု ပိုမိုစေခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ အထင်ကရဘုရားစေတီပုထိုးများ၊ အပန်းဖြေ အနားယူရန် ပင်လယ်ကမ်းခြေ နှင့် အဆင့်မြင့်ဟိုတယ်များပါ အဆင်သင့်ရှိ၍ ကမ္ဘာလှည့် ခရီးသွားများ နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံလိုသူများ စိတ်ဝင်စားများပြားလျက်ရှိကြောင်းသိရှိရသည်။
 
The Myawady Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...