အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 May, 2013

စာသင်ခန်းရှေ့ထွက်လာပြီး တောင်းပန်ကာ ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်မှုဖြစ်ပွား

ကျောင်းသားတစ်ယောက်သည် အတန်းရှေ့သို့ ထွက်လာပြီး တောင်းပန်စကားပြောကာ မိမိကိုယ်မိမိ သေနတ် ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း ဒါကိုတာရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသားတစ်ဦးသည် အတန်းရှေ့ထွက်လာကာ သေနတ်ဖြင့် ပစ်သေသွားသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရစ်ခ်ျလန်းကောင်တီ အာဏာပိုင်များက ပြောကြားခဲ့သည်။
သေနတ်ဒဏ်ရာရထားသည့် ထိုကျောင်းသားကို ဆေးရုံသို့ခေါ်သွားကြောင်း ဖဲယားမောင့် အစိုးရကျောင်းမှ ကျောင်းအုပ်ကြီး ဂျေး တောင်ဆင်းကပြောကြားခဲ့သည်။
ထိုကျောင်းတွင် ကျောင်းသား ၁၁၂ ဦးရှိပြီး သူငယ်တန်းမှ ၁၂ တန်းအထိ သင်ကြားပေးနေသော ကျောင်းတစ် ကျောင်းဖြစ်သည်။ ထိုကျောင်းသားသည် အဘယ်ကြောင့်တောင်းပန်စကားဆိုရကြောင်းနှင့် ထိုသို့သေနတ်ဖြင့် ပစ်ခတ်သွားရကြောင်းမသိပါဟု ရဲမှူး လာရီ လက်ရှ်ဟို့စကီကဆိုသည်။ အတန်းဖော်များက ပြောကြားရာတွင် ပြဿနာအထွေအထူးမရှိကြောင်း သိရသည်။

ထိုကျောင်းသားသည် ကျောင်းသားသစ်ဖြစ်ပြီး အမည်ကို ထုတ်ပြန်ခြင်းမရှိပေ။ သူသည် လူပေါင်း ၃၈၀ ခန့်နေထိုင်သော အသင်းတိုက်တွင် အဖိုးအဖွားများနှင့် အတူနေထိုင်သူဖြစ်သည်။

ထိုမြို့တွင် ယခုကဲ့သို့ အဖြစ်အပျက်များဖြစ်ပွားမှုမရှိသည့်အပြင် သူနေထိုင်သည့် အသင်းတိုက်မှာလည်း ဘာသာရေးအလွန်ကိုင်းရှိုင်းသူများဖြစ်သည်။ အသင်းတိုက်မှလူများသည် သူ့ကိုချစ်ခင်ကြပြီး ဆုတောင်းပေး နေကြသည်။

ကျောင်းမှဆရာများက ကျောင်းသားကို ရှေးဦးပြုစုနည်းဖြင့် ပြုစုကုသပေးကြပြီး ကျောင်းကို ခေတ္တပိတ်ထားခဲ့ ကြသည်။ ကျောင်းသားကို ဆေးရုံသို့ပို့လိုက်သော်လည်း သေသည်ရှင်သည် မသိရသေးပေ။

မောက္ခ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...