အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 May, 2013

မြ၀တီ ရေပူ၊ကရင်စုရပ်ကွက်မိသားစု၂၈စု နေထိုင်သော မြေကွက်အား ရွှေသံလွင်ကုမ္ပဏီမှ တရားစွဲ နှင်ထုတ်ခဲ့သဖြင့် မိသားစုများ အခက်တွေ့

မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်အပိုင်၊ ရေပူ-ကရင်စု ကျေးရွာတွင် နေအိမ် ၅၀ ခန့် ရှိသည့်အနက် မိသားစု ၂၈ စု နေထိုင်သော မြေ ၁၀ ဧက ၀န်းကျင်ကို ရွှေသံလွင်ကုမ္မဏီအား ဓါတ်ဆီနှင့် ဒီဇယ်သိုလှောင်ကန် တည်ဆောက်လုပ်ကိုင်ရန် သက်ဆိုင်ရာမှ လုပ်ပိုင်ခွင့် ပေးလိုက်သည့်အတွက် နှစ်ရှည်လများ နေထိုင်ခဲ့ကြသော မိသားစုများ အခက်တွေ့နေကြကြောင်း သိရသည်။
ရွှေသံလွင် ကုမ္မဏီက ယင်းမြေနေရာအား ပိုင်ဆိုင်ကြောင်း အထောက်အထားဖြင့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်တွင် နှင်ထုတ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည့် ဒေသခံများမှာ ပြောင်းရွှေ့ခြင်း မရှိ၍ ၂၀၁၁ ခုနှစ်တွင် တရားစွဲဆိုခဲ့ရာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရွှေသံလွင် ကုမ္မဏီအား အနိုင်ရရှိကြောင်း ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။
"အစ်မအမျိုးသား သစ်တောဝန်ထမ်း ဘ၀ကတည်းက ဒီနေရာလေးမှာ နေလာတာပါ။ ခုတော့ ယောင်္ကျားဆုံးသွားပါပြီ။ ဒီနေရာက ပြောင်းရမယ်ဆိုတော့ ဘယ်ကိုသွားရမလဲ။ မိသားစုနဲ့ အတော်လေး အခက်အခဲ ဖြစ်နေပါတယ်" ဟု ကရင်စုရွာမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

"ဒီနေရာမှာ စနေလာတာ ၁၉၉၄-၁၉၉၅ ခုနှစ် ကတည်းကပေါ့။ နိုင်ငံတော် ပလပ်မြေကို ခုတ်ထွင်ရှင်းလင်းပြီး နေကြတာ။ ပြေစာတွေဘာတွေ သွားလျှောက်တော့လည်း လျှောက်ခွင့်မရှိဘူး။ ခုတော့ တဖြည်းဖြည်း အိမ်ခြေများလာတာ။ အစတုန်းက ကိုယ်နေလာတဲ့နေရာ ကိုယ်ပိုင်တယ် ထင်တာပေါ့။ ခုတော့ ကိုယ်မပိုင်တဲ့အပြင် တရားစွဲ မောင်းထုတ်တာခံရတော့ ဘယ်ကိုပြောင်းရမလဲ။ အတော့်ကို အခက်အခဲ ဖြစ်နေပါတယ်" ဟု ကရင်စုရွာမှ အသက် ၆၀ အရွယ်ရှိ ရပ်မိရပ်ဖ တစ်ဦးက ဆိုသည်။

ယခုဖြစ်ရပ်အပေါ် ရှုတ်ချကြောင်း မြ၀တီခရိုင် အမျိုးသားဒီမိုကရေစီ အင်အားစုက သဘောထားကြေငြာချက် တစ်စောင်ကို ၂၀၁၃ ခုနှစ်၊ မေ ၂၀ ရက်က ထုတ်ပြန်ခဲ့ပြီး "တရားဝင် သဘောထား ဆန္ဒထုတ်ဖော်သွားဖို့ ရှိသလို၊ ခရိုင်ကိုယ်စားလှယ်တွေမှတစ်ဆင့် လွှတ်တော်ထဲထိ တင်ပြသွားဖို့ ရှိပါတယ်" ဟု မြ၀တီခရိုင် NDF ပါတီ ဥက္ကဌဦးအောင်ဝင်းလှိုင်က မေ ၂၁ ရက်နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

EMG

တရားစွဲ နှင်ထုတ်ခံရသည့် ရေပူ-ကရင်စု ကျေးရွာရှိ နေအိမ်အချို့အား တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...