အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 May, 2013

ဂျပန်ဝန်ကြီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာနိုင်ငံကို ၃၆ နှစ်အတွင်း ပထမဆုံး လာရောက်တဲ့ ဂျပန် ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ချက်ထရီယံ ဟိုတယ်မှာ ယနေ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီလိုတွေ့ဆုံမှုမှာ အသေးစိပ်ဘာတွေ ဆွေးနွေးတယ်ဆိုတာ အတိအကျမသိရသေးပေမယ့် မြန်မာ့လူမှု စီးပွား ဖွံ့ဖြိုးရေး ဂျပန်က ကူညီမယ့် ကိစ္စအပါအ၀င် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှု့ပ်နှံမှုတွေ ပိုတိုးပြီးလုပ်မယ့်ကိစ္စတွေ ပါဝင်မှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာသေးမီက ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းမှာလည်း ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

ဂျပန်ဝန်ကြီးချုပ်၊ ဇနီးတို့နှင့်အတူ ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီး ၃၀ ကျော်တို့လည်း လိုက်ပါလာကြတာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်နဲ့ ဇနီးဟာ ယနေ့ နံနက်ပိုင်းက အာဇာနည်ကုန်းကို သွားရောက်ကာ အာဇာနည်ကြီးများကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။ ဒီနောက် သီလ၀ါ ရေနက်ဆိပ်ကမ်းကိုလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ သွားရောက်လေ့လာခဲ့ပါတယ်။

ဂျပန်-မြန်မာ စီးပွားရေး ကုမ္ပဏီကြီးတွေ ပူးပေါင်းပြီး သီလ၀ါ အထူးစီးပွားရေးဇုံ ပူးပေါင်းဆောင်ရွက်သွားဖို့ လည်း ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါသေးတယ်။

ခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခဲ့တာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း ၂ နိုင်ငံ အကျိုးတူ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ဂျပန် သတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် တို့ကိုပေးရန် ရှိတဲ့ ကြွေးမြီ
ဒေါ်လာ ဘီလျံနဲ့ ချီပြီး ယာယီပေးဆပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံကလည်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အားပေးသွား မှာဖြစ်သည့်အပြင် တချို့ သတင်းတွေ အဆို အရ မြန်မာ့ကြွေးမြီတွေကို လျှော်ပစ်ရန် စဉ်းစားမှုတွေ ရှိတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဧရာဝတီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...