08 May, 2013
ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို
''ဗလီထဲကို ဘာသာခြားတွေ ဝင် ရောက်ခွင့် ပိတ်ပင်ထားတယ်ဆိုတာ သတင်းအမှားကြီးပါ။ ဘယ်တုန်းကမှ ပိတ်ပင်ထားခြင်း မရှိပါဘူး။ ဗလီထဲကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင် ဗလီ ဂေါပက အဖွဲ့ဆီက ခွင့်ပြုချက် ရယူရုံ ပါပဲ'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ ဝီအဖွဲ့ချုပ်မှ ဦးကျော်စိုးက ပြောသည်။
သက်ဆိုင်ရာ ဗလီဂေါပကအဖွဲ့ထံ သို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြု ချက်တောင်းခံပြီး ဝင်ရောက်လေ့လာနိုင် ကြောင်း၊ ဗလီတွင်းဝင်ရောက် လေ့လာ ရန်အတွက် မည်သည့်ကန့်သတ်ချက် ကြီးကြီးမားမားမျှ မရှိကြောင်း သိရ သည်။
''ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီ ဆိုရင် ဝင်လေ့လာလို့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ ဖိနပ်မစီးရတာတို့၊ ကိုယ်လက်သန့်ရှင်းစင်ကြယ်အောင် လုပ်ဖို့တို့ပဲ လိုပါတယ်'' ဟု အိုလမာ အစ္စလာမ် သာသနာပညာရှင်များ အဖွဲ့ ချုပ်မှ အောင်လာနာယူစွပ်ဖ်ဦးသိန်း မြင့်က ဆိုသည်။
ရွှေညဝါဆရာတော်က ယခုကဲ့သို့ ဗလီများအတွင်းသို့ ဝင်ရောက်လေ့လာ ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုခြင်းသည် လက် ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ နှစ်ဖက် သံ သယများ လျော့ပါးသွားစေရေးအတွက် များစွာ အထောက်အကူ ပြုနိုင်ေ သာ ကြောင့် ယင်းအား ကြိုဆိုကြောင်း မိန့် သည်။
''ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ဗလီ တွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံ မျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာ ဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုရင် နှစ်ဘာ သာကြားမှာ ပဋိပက္ခတွေ၊ သံသယတွေ လျော့နည်းသွားလိမ့်မယ်လို့ ငါ့အနေနဲ့ မြင်တယ်'' ဟု ရွှေညဝါဆရာတော်က မိန့်သည်။
ရခိုင်ပဋိပက္ခ အစီရင်ခံစာတွင် လည်း ဗလီများနှင့် အာရဗီ စာသင် ကျောင်းများကို သက်ဆိုင်ရာ၏ ခွင့်ပြု ချက်များနှင့် အညီ ဖြစ်စေသင့်ကြောင်း၊ အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင် သော နေရာဖြစ်သည့် ဗလီများသည် မည်သူမဆို အချိန်မရွေး နားခို၊ တရား အားထုတ်နိုင်သော နေရာဖြစ်စေသင့် ကြောင်း အကြံပြုဖော်ပြထားသည်။
ကျော်ရဲလင်း - Popular Myanmar News Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 08
(29)
- မြန်မာ သမ၀ါယမ ဘဏ်ကို ထိုင်း Kbank ကနေ ငွေလွှဲနိုင်ပြီ
- မန်ယူနည်းပြကြီး ဖာဂူဆန် အနားယူပြီ
- မန္တလေး ချမ်းမြသာစည်မှာ ၀ရိန်ဆော်တာကနေ စတင်ပြီး မီး...
- မိန်းကလေးတွေအတွက်မှဲ.အကြောင်း
- ''ပင်လယ်ရေအောက်က ရှေးဟောင်း ဂရိ မြို့ကြီးတစ်မြို့ ...
- လုပ် သားပို့ ခွင့်ဆိုင်း ငံ့ခံ ထိုင်းအေဂျင်စီ မျာ...
- ဘဏ်သစ် ၃ ဘဏ် ထပ်မံ ဖွင့်လှစ်ခွင့် ပြုမည်
- တန်ဖိုးနည်းအိမ်ရာ ကျပ်သုံးသောင်းဖြင့် လိမ်လည်ရောင်...
- ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင...
- VZO အကောင့်လုပ်နည်းနဲ့  သတိထား သိထားသင့်သည့် အချက်...
- အသဲကျန်းမာရေးထိခိုက်စေသော နေထိုင်စားသောက်မှုပုံစံ
- ခွေးလိုက်ပြီဆိုရင်
- ပိုက်ဆံအလကားရလို့ပါ
- ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေ - Inland taipan
- တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်
- မြန်မာအမျိုးသမီးများအားစောင့်ရှောက်ကြစေခြင်း (ဗုဒ္ဓ...
- အထူးလိုင်းကားများပေါ်၌ ခရီးသည်များ အပူဒဏ်ပိုမိုခံစာ...
- ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက်ြ...
- အာဆီယံ ၅ နိုင်ငံ မော်ဒဲလ်ရှိုး မြန်မာပြည် လာမည်
- ပြိုင်ပွဲတွေမှာ အချင်းချင်း ပုတ်ခတ်ပြောတာ ခံရဖူးတယ...
- ကိုယ်လုပ်ချင်တာလေးတွေ လုပ်ကြည့်မယ်ဆိုပြီး ဒါရိုက်တ...
- ရန်ကုန် တိုင်း ဒေသကြီး အတွင်း နိုင်ငံခြား ရင်းနှီး...
- ကြက်သွန်နီ
- Suzuki ကား ကုမ္ပဏီ ၏ ရန်ကုန် စက်ရုံ ထုတ် ကား များေ...
- ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်
- အသံ ထက် ငါးဆမြန်သော လေ ယာဉ် အမေ ရိကန်တို့ တီ ထွင်ေ...
- မွတ်ဆလင် ဒုက္ခသည်တွေ ကို ကျောက်ဖြူ မှာ ထား ဖို့ စီစဉ်
- မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ
- တာလတ်ပစ်ဒုံး မြောက်ကိုရီးယားဖယ်ရှား
-
▼
May 08
(29)
-
▼
May
(981)