အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 May, 2013

အထူးလိုင်းကားများပေါ်၌ ခရီးသည်များ အပူဒဏ်ပိုမိုခံစားနေရ( ပြည်သူ့အော်သံ)


ယခုနှစ်နွေရာသီကာလတွင် သာမန်နှစ်များထက် အပူဒဏ်ပိုမိုလွန်ကဲနေပြီး ခရမ်းလွန် ရောင်ခြည်ကျရောက်မှုသည်လည်း အမြင့်ဆုံး အချိန် ၌ ရောက်ရှိနေသည့် အတွက် ခရီးသွားပြည်သူများသည် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစား နေကြရကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ ပြေးဆွဲနေသောယာဉ်လိုင်းများကို အားကိုး၍ ရုံးဆင်းရုံးတက် တာဝန်ထမ်းဆောင်နေကြရသော ဝန်ထမ်းများ၊ စက်ရုံလုပ်သား များနှင့် ဈေးသည် များသည် ယခုအခါ လိုင်းကားများပေါ်၌ လူတိုးသည့်ဒဏ်နှင့် အပူဒဏ်ကို ပူးတွဲ၍ ပိုမိုခံစားနေကြရသည်။


အပူဒဏ်ကို အဆိုးရွားဆုံးခံစားနေကြရသောပြည်သူများသည် အထူးလိုင်းကား များနှင့် ဒိုင်နာကားများကိုသာ နေ့စဉ်အားကိုး၍ သွားလာ နေကြရ သူများဖြစ်သည်။ အထူးကားများသည် ရုံးဆင်းရုံးတက်ချိန်များ၌ တစ်ပေကျော်ခန့်သာရှိသည့် အလယ် လျှောက်လမ်း၌ ခရီး သည် များကို ကျောချင်းကပ်နှစ်တန်းအပြင် ကျောချင်းကပ်၍ လွတ်နေသည့်နေရာတွင် ခရီးသည်တစ်တန်းကို ထပ်ထည့်သဖြင့် လူများပိုမို ကျပ် ကာ ခရီးသွားပြည်သူများ သာမန်အချိန်ထက် အပူဒဏ်ကို ဆိုးရွားစွာခံစားနေရသည်။


ရုံးဆင်းရုံးတက်ဝန်ထမ်းတစ်ဦးက ''လူပိုတင်တာ အဆိုးဆုံးက အထူးကားတွေပဲ။ အထူးစစ်ဆေးရေးနဲ့ စစ်တယ်ဆိုတာလဲ ဘာမှအရေး ယူမှုမရှိဘူး။ မတ်တတ်ရပ် လူပိုတင်ချင်ရင်လဲ သုံးယောက်တွဲခုံကို နှစ်ယောက်ထိုင်ခုံပြောင်းလိုက်ပေါ့။ အခုတော့ ဘယ်လို တိုင်တိုင် ဘယ်လို အော်သံထည့်ထည့် ဘာမှထူးမလာဘူး။ ဒီလိုရာသီဥတု ပူနေတဲ့အချိန်မှာတော့ စစ်ဆေးအရေးယူ သင့်တယ်''ဟု ပြောပြ သည်။


အထူးကားများသည် သက်ဆိုင်ရာယာဉ်လိုင်းများ၏ စည်းကမ်းထုတ်ပြန်ချက် အရ မတ်တတ်ရပ်ခရီးသည်တင်ဆောင်ခြင်း မပြုလုပ်ရဟု စည်းကမ်း ချက်ထုတ်ပြန် ထားသော်လည်း ယာဉ်နောက်လိုက်များက စည်းကမ်းဖောက်ဖျက်၍ မတ်တတ်ရပ် ခရီးသည်များကို ရုံးဆင်းရုံး တက်ချိန် များတွင် ပိုမိုတင်ဆောင်လာနေသည့်အတွက် ယခုလိုအပူဒဏ်ပူပြင်းနေသည့် ကာလများတွင် သက်ဆိုင်ရာများက ပိုမိုကြပ်မ တ်ကာ စစ်ဆေးအရေး ယူပေးသွားရန် တင်ပြလိုက်ရပေသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...