အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 May, 2015

ပွေး ညှင်း တင်းတိတ်

ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့ သူတွေပါပဲ။စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ
အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊မျက်နာပြရ

ခက်ပါတယ်။
ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေး
လိမ်းကြည့်ပါ။
ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။
ဆေးနည်းမှာ-ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။
ပြီးရင် ကြွေပုဂံလုံထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့
ရောဖျော်ပါသင့်ရဲ့ ပွေးကွက်၊ညှင်းကွက်၊တင်းတိတ်ကွက်၊ဝက်ခြံဖုကို လိမ်းပေးပါတစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။
ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီးအိပ်ပါ။
ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။
မယုံမရှိပါနဲ့။လက်တွေ့ သူငယ်ချင်း၊မိတ်ဆွေများကို ဒီဆေးနည်းလေးပေးပြီး
လက်ဖက်ရည်သောက်ခဲ့ရပေါင်း များခဲ့ပြီ မို့တင်ပြလိုက်တာပါ။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...