အကယ်ဒမီပြေ တီဦးနှင့်အကယ်ဒမီအိန္ဒြာကျော်ဇင် မိသားစုတို့သည် မေ၂ရက်တွင်ကျ
ရောက်သည့် ကဆုန်လပြည့်နေ့(ညောင် ရေသွန်းပွဲတော်နေ့)တွင် တရားအလှူ
နှင့်စတုဒိသာအလှူပြုလုပ်မည်ဖြစ်ပြီး အဆိုပါအလှူနှင့်ပတ်သက်၍
အကယ်ဒမီပြေတီဦးက . . . ''ကျွန်တော်တို့မိသားစုက တရား
အလှူပွဲကြီးကို အရမ်းကိုလုပ်ချင်နေ ခဲ့တာပါ။ ခုနစ်ရက်သားသမီးတွေ
အားလုံးအတွက် တရားအလှူပွဲကြီး ကို
လုပ်ချင်ခဲ့တာနှစ်နှစ်ကျော်သုံးနှစ်နီးပါး ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီ
တုန်းက မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်တော် တို့နဲ့အတူတူ တစ်နိုင်ငံလုံးမှာရှိတဲ့
ခုနစ်ရက်သားသမီးတွေအားလုံး တစ်ခါ တည်းရရှိမယ့် တရားအလှူပွဲကြီးကို အခုတော့
ကျွန်တော်တို့ဆန္ဒရှိသလိုမျိုး လုပ်ဖြစ်တော့မယ်။ စတုဒိသာအလှူ မှာတော့
ကျွန်တော်တို့ကတစ်မျိုးတည်း မဟုတ်ဘဲ အမျိုး၂၅မျိုး၃ဝနီးပါးလောက် ကို
ခုနစ်ရက်သားသမီးတွေအားလုံး ကို ကျွန်တော်တို့ကျွေးမွေးသွားမှာ ပါ။
ဘာဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရွေးပြီးတော့လုပ်တာလဲဆိုတော့ တခြား ကြောင့်
မဟုတ်ပါဘူး။ တရားအလှူ ကိုလုပ်ချင်နေတဲ့အတွက် ဒီနှစ်ထဲမှာ
ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ဆုံး ဖြတ်ပြီးတော့ ပထမတုန်းကတော့
နှစ်ဆန်းနှစ်ရက်နေ့ကိုလုပ်ဖို့စဉ်းစား တယ်။ ဒါပေမဲ့နှစ်ဆန်းနှစ်ရက်နေ့
ဆိုရင် မအားကြတာတွေဖြစ်မှာစိုးတဲ့ အတွက် အနီးကပ်ဆုံးရက်ကိုရွေးလိုက် တော့
ကဆုန်လပြည့်နေ့ဖြစ်နေတာ ပါ။ ကျွန်တော်တို့က ရက်တွေဘာ တွေကြည့်ပြီးတော့
ရွေးတာမဟုတ်ဘဲ တရားအလှူလုပ်ဖို့အဆင်ပြေတဲ့နေ့ ကို
ရွေးလိုက်တာနဲ့ကဆုန်လပြည့်နေ့ နဲ့တိုက်ဆိုင်သွားတာပါ။
ကျွန်တော်
တို့မိသားစုကပြုလုပ်မယ့်တရားအလှူ ပွဲကြီးကို ဘယ်သူမဆိုလာရောက်စား
သောက်နိုင်ပါတယ်။ တရားအလှူကို လဲ ကျွန်တော်တို့နဲ့အတူတူပါဝင်
တရားနာစေချင်ပါတယ်။ တစ်နိုင်ငံ လုံးမှာရှိနေတဲ့သူတွေအားလုံးလာ ရောက်ကြဖို့
ကျွန်တော်ကတော့ မျှော် လင့်ထားပါတယ်''ဟု ပြောသည်။
အဆိုပါတရားအလှူပွဲကြီးနှင့် စတုဒိသာအလှူပွဲကြီးအား မေလ ၂ရက်တွင် Sky Sta
ဟိုတယ် အနီး တွင် ပြုလုပ်သွားမည်ဖြစ်ပြီး စတုဒိသာ အလှူအား ညနေ
၎နာရီခွဲအချိန်မှစ တင်၍ စတုဒိသာအမျိုးပေါင်း ၃ဝ ခန့်ကို
ခုနစ်ရက်သားသမီးများအား ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး ည
၇နာရီခွဲအချိန်တွင် ဆရာတော်အရှင် ဆေကိန္ဒ၏ တရားအလှူပွဲကြီးကိုလည်း
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တရားအလှူပွဲကြီးအား ကိုယ်
တိုင်ကိုယ်ကျတရားမနာယူနိုင်သည့် ပြည်သူများအတွက် Sky Net ရုပ် သံလိုင်းတွင်
တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
NN