အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 April, 2015

သုံးစက္ကန့်အတွင်း ကြက်ဥ၊ ဘဲဥအခွံနွှာနည်း

ကျွန်တော်တို့အားလုံး ဟင်းတစ်ခွကိကို ကိုယ်တိုင်ချက်ဖူးချင်မှ ချက်ဖူးကြမှာပါ။ ဒါပေမယ့် ကြက်ဥ၊ ဘဲဥကိုတော့ လူတိုင်းနီးပါး ကိုယ်တိုင်ပြုတ်ဖူးကြမယ်ထင်ပါတယ်။ ကြက်ဥ၊ ဘဲဥ ဆိုတာ ပြုတ်နေတုန်း ဘာမှ အလုပ်မရှုပ်ပေမယ့် ပြုတ်ပြီးသွားရင်တော့ အခွှံနွှာဖို့ အလုပ်ရှုပ်လာပြီဖြစ်ပါတယ်။
လက်နဲ့ ဥအခွံနွှာတဲ့အခါ အခွံမှာ အသားစ ကပ်ပါသွားတာတွေလည်း ဖြစ်ဖူးကြမှာပါ။ အခွံတဲ့ပုံစံမကျလို့

ပုံပျက် ပန်းပျက် ကြက်ဥ၊ ဘဲဥပြုတ်ကို ရလိုက်တဲ့အခါတွေရှိမှာပါ။ အခုဖော်ပြပေးမယ့်နည်းက Youtube အသုံးပြုသူ တစ်ဦးတင်ပေးထားတဲ့ ကြက်ဥအခွံခွာနည်းဖြစ်ပါတယ်။ ဘာပစ္စည်းကိရိယာမှ မလိုပဲ သုံးစက္ကန့်လောက်အတွင်းမှာတင် ဥ အခွံနွှာပြီးသား ပုံစံကို သင်ရပါလိမ့်မယ်။ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥ ဒါမှမဟုတ် ဘဲဥကို ဖန်ခွက်ငယ်ထဲ ထည့်ပြီး ရေလေးပုံ တစ်ပုံလောက် ထည့်ရမှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=FkWISKfgqZ0&feature=player_detailpage

ကြက်ဥအောက်ခြေ မြုပ်တယ်ဆိုရုံလောက် ရေထည့်ပြီးရင် ဖန်ခွက်အဝကို လက်နဲ့ ပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ပေးရမှာဖြစ်ပါတယ်။ Milk Shake ဖျော်ရည် ဖျော်သလိုမျိုး သုံးစက္ကန့်လောက် ဘေးတိုက် လှုပ်ရမ်းလိုက်ရမှာပါ။ လှုပ်ခပ်ပြီးတဲ့အခါ ကြည့်လိုက်ရင် ကြက်ဥ၊ ဘဲဥ အခွံက ကျွတ်သွားမှာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အခွံကို ဆွဲယူကြည့်လိုက်တဲ့အခါ အလွယ်တကူ ပါလာပါလိမ့်မယ်။ ကြက်ဥ၊ ဘဲဥတွေကို လက်နဲ့အမြဲတမ်းခွာလာတဲ့ နည်းလမ်းဟောင်းကို စွန့်ခွာဖို့ ဒီနည်းလမ်းက အသင့်တော်ဆုံးဖြစ်ပါတယ်။

PlanetMyanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...