အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 March, 2015

လှည်းကူးမြို့နယ် အတွင်း မိသားစုတစ်စု အသတ်ခံရ



ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းအုပ်စု၊ သုံးဆယ်နှင့် ကျောက်မိုင်း ကျေးရွာကြားတွင် ၁၅-၃-၂၀၁၅ ည၇း၃၀နာရီအချိန်ခန့်တွင် စကားများရာမှ လူသတ်မှူ ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားရာ နေရာတွင် မိသားစုသုံးဦး ဓါးဒဏ်ရာဖြင့် သေဆုံးပြီး၊ တစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် လူနာအဖြစ် တင်ပို့ လိုက်ကြောင်း သိရသည်။သေဆုံးသွားသော မိသားစုများမှာ ဒေါ်ပေါက်စ အသက် ၅၆ နှစ်မိခင်၊ မဇင်မာ ၁၈ နှစ်၊ မဇင်မာ၏သမီးမှာ သုံးလအရွယ် ကလေးဖြစ်ပါသည်။ ညတွင်းခြင်း ရန်ကုန်ဆေးရုံသို့ ဓါးဒဏ်ရာများနှင့် တင်ပို့ထားသော ကိုရဲကျော်သူ(ခ)ရွှေအ မှာ သေဆုံးသွားသော မဇင်မာ၏ ခင်ပွန်းဖြစ်ပါသည်။ ကိုရဲကျော်သူမှာ ဦးခေါင်းနှစ် လက်များတွင် ဓါးဒဏ်ရာများသဖြင့် စိုးရိမ်ရသော အခြေအနေဖြစ်ပါသည်။

အခင်းဖြစ်ပွားရာ နေရာသို့ နယ်မြေခံဖောင်ကြီးရဲစခန်းမှ နယ်ထိန်းနှင့်ရဲများ ရောက်လာပြီး တရားခံများအား ဖမ်းဆီးလိုက်ကြောင်း ကျောက်မိုင်းကျေးရွာရာအိမ်မှူး ဦးကျော်လွင်နှင့် ရပ်မိ/ဖ ဦမောင်ညွန့်တို့ကပြောကြားသည်။

ဖြစ်စဉ်မှာ။ ။လူသတ်တရားခံနှင့် သေဆုံးသွားသောမိသားစုများမှာ အိမ်နီးချင်းများဖြစ်ကြပါသည်။ အခင်းမဖြစ်ခင် သေဆုံးသွားသူများ၏အိမ်တွင် ဆန်အိပ် ကြက်ဖေါက်ခြင်း၊ ထမင်းအိုး ဟင်းအိုး ခွေးတက်စားခြင်းများကို ဆဲဆို အချင်းများရာက စခဲ့သည်။

လူသတ်တရားခံများမှာ သုံးဆယ်ကျေးရွာတွင်နေထိုင်သူဦးညွန့်တင်၏သား ကိုဇော်လင်း အသက် ၂၂ နှစ်ဖြစ်ပြီး၊ပါဝင်ကူညီသူသုံးဦးမှာညီကိုများဖြစ်သည်။

အလောင်းများကို ၁၆. ၃. ၂၀၁၅ နေ့ ၈ နာရီအချိန်တွင် ရဲများနှင့် ရွာသားများက ရင်ခွဲစစ်ဆေးရန် လှည်းကူးဆေးရုံသို့ပို့လိုက်ကြောင်းသိရသည်။

သတင်း-ဓါတ်ပုံ ။ ။ U Nyo Tun

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...