အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 March, 2015

တရုတ်အမျိုးသမီး လေသူရဲများ မလေးရှားတွင် လေကြောင်းစွမ်းရည် ပြသမည်


မလေးရှားနိုင်ငံရဲ့ လန်ကာဝီ နိုင်ငံတကာအဏ္ဏဝါနဲ့ အာကာသပြပွဲအတွက် တရုတ်လေယာဉ် ၉ စင်း မတ် ၁၁ ရက်နေ့ မနက်က ထွက်ခွာသွားပါတယ်။ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး အုပ်စုက လေကြောင်းစွမ်းရည် ပြသမှာ ဖြစ်ပါတယ်။လေယာဉ် ဂျွမ်းအလှပြ ပျံသန်းတဲ့ ဘာယီအဖွဲ့ဟာ ရုရှားလေကြောင်းပြပွဲကို လည်ပတ်အပြီး ခုတကြိမ်ဟာ ဒုတိယမြောက်အကြိမ် ဖြစ်ပါတယ်။ လေယာဉ် ကျွမ်းဘား ပျံသန်းမှုအဖွဲ့ ခေါင်းဆောင် ကောင်းကျန်းကျွမ်းက သူတို့အဖွဲ့ဟာ လှုပ်ရှားမှု ၂၀ ပါတဲ့ ပျံသန်းမှု အကျော့ ၃ ခါ လုပ်ဖို့ ပြင်ဆင်ထားခဲ့ပြီး အခြေစိုက်စခန်းကနေ လန်ကာဝီ နိုင်ငံတကာလေဆိပ်ထိ ကီလို ၅၀၀၀ နီးပါး အကွာအဝေးကို ပျံသန်းရမှာ ဖြစ်တဲ့အတွက် စေ့စေ့စပ်စပ် ကြိုတင် ပြင်ဆင်ထားပြီးပြီလို့ ပြောပါတယ်။

ပြပွဲအတွင်း မလေးရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ တခြားနိုင်ငံတွေက အဖွဲ့တွေနဲ့အတူ Su-30, F-16, F-18 and Rafale jets လေယာဉ်တွေကို မောင်းနှင်း ပျံသန်း ရမှာပါ။ တရုတ်အမျိုးသမီး လေသူရဲ ၄ ဦးက J-10 တိုက်လေယာဉ် ၄ စီးကို ပျံသန်း ပူးပေါင်းမှာ ဖြစ်ပါတယ်။

By DVB

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...