ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် (၁၂၉/၁) နှင့်
(၁၂၉/၂)အကြား အုတ်တွင်းမြို့နယ် ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်း
ပိုင်နေရာ၌ ယမန်နေ့ ည ၉ နာရီ မိနစ် ၂ဝ က ယာဉ်မတော်တဆမှု ဖြစ်ပွားသည်။ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်သို့ အောင်နွယ်ဦး (ယာဉ်
နောက်လိုက်)မောင်းနှင်လာသော 6I/--- တော်ဝင်ခရီးသည်တင် မှန်လုံ ယာဉ်မှာ
ရှေ့မှကားလေးကို ကျော် တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်း လယ်ကျွန်း
ကာရံထားသော ကပ်တုံး ၁၅ တုံးကို တိုက်မိပြီးနောက် Under Pass
တံတားပေါင်အစပ်၌ ရပ်တန့် ကာ ယာဉ်မောင်းသူနှင့် ယာဉ်မောင်း
ခွင့်ပြုခဲ့သူတို့နှစ်ဦးမှာ ထွက်ပြေးသွား ခဲ့သည်။ တော်ဝင်ခရီးသည်တင်
မှန်လုံယာဉ်ပေါ်၌ ခရီးသည် အမျိုး သား ၁၅ ဦး၊ အမျိုးသမီး ၂ဝ စီးနင်း
လိုက်ပါခဲ့ပြီး ခရီးသည် ၃၅ ဦး အနက် မှ ဦးဆန်းအောင်ထွေး(၃၄နှစ်)နှင့်
ဦးအောင်မင်းထွန်း (၃၃နှစ်)၊ ခင်ငြိမ်း ချမ်း (၂၇နှစ်)တို့
(မစိုးရိမ်ရ)ဒဏ်ရာ များ ရရှိခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်း၊ ဗောဓိကုန်း
အမြန်လမ်းမကြီးရဲစခန်း၊ ဖြူးအမြန် လမ်းမကြီး ရဲစခန်း၊ အမြန်လမ်း
မီးသတ်တပ်ဖွဲ့၊ အမြန်လမ်းမကြီး ဆောက်လုပ်ရေး(လမ်းပြင်/ထိန်း)မှ
တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိကာ
ဒဏ်ရာရသူများကို တပ်ဖွဲ့ပိုင် လူနာ တင်ယာဉ်ဖြင့် ဖြူးမြို့နယ် ဆေးရုံသို့
ကူညီပို့ဆောင်နိုင်ခဲ့သည်။ ယာဉ် မတော်တဆ ဖြစ်ပွားမှုကြောင့် 6I/----
တော်ဝင်ခရီးသည်တင် မှန်လုံ ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ရှေ့
ခေါင်းပိုင်းပိန်ချိုင့်၊ ဝဲ/ယာ ရှေ့မီးကွဲ၊ အတက် အဆင်းတံခါးပိန်ချိုင့်၊
မှန်ကွဲ၊ ဘော်ဒီယာဘက်ခြမ်း ပိန်ချိုင့်ပျက်စီး ဆုံးရှုံးသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် မောင်းနှင်ခွင့်မရှိသူ တက်ရောက် မောင်းနှင်ရာမှ
ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားသူ ယာဉ်မောင်း အောင်နွယ်ဦး
(ယာဉ်နောက်လိုက်)နှင့် မောင်းနှင်ခွင့်မရှိသည့် ယာဉ် နောက်လိုက်အား
တက်ရောက် မောင်းနှင်စေရာမှ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် ယာဉ်မောင်း သုခစိုး
တို့ နှစ်ဦးအပေါ် ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး တာဝန်ရှိ သူများက
အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်း
ဓာတ်ပုံရိုက်ခြင်း၊ သက်သေခံ ယာဉ်အား သိမ်းဆည်းခြင်းများ ပြုလုပ်ကာ
ထွက်ပြေးတိမ်းရှောင် လျက်ရှိသော ပြစ်မှုကျူးလွန်သူ များကို
ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရ သည်။
မျိုးဇေယျာ(ပျဉ်းမနား)
Myanmaalinn