အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 June, 2014

သီရိလင်္ကာ ဘာသာရေးပဋိပက္ခ ၃ ဦး သေဆုံး၊ ၇၅ ဦး ဒဏ်ရာရ

Photo: သီရိလင်္ကာ ဘာသာရေးပဋိပက္ခ ၃ ဦး သေဆုံး၊ ၇၅ ဦး ဒဏ်ရာရ
Tuesday, June 17, 2014

သီရီလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား ပဋိပက္ခအတွင်း မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရသွားပါတယ်။

ပဋိပက္ခပေါ်ပေါက်တဲ့ နိုင်ငံတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း မြို့တွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသဖြစ်ပါတယ်။

အဲဒီဒေသမှာ အနည်းဆုံး မွတ်စလင် အိမ် ၇ လုံး မီးရှို့ခံရတယ်လို့ အရာရှိတွေနဲ့ နယ်ခံတွေက ပြောပါ တယ်။ သီရီလင်္ကာမှာ ၂၀၁၂ ခုနှစ်ကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်နေ တာ ပါ။

ဇွန် ၁၅ ရက်နေ့ ပဋိပက္ခမှာ ဆင်ဟာလီလူဦးရေများတဲ့ အလုဂါမာမြို့နဲ့ ဘီရုဝီလာ မြို့တွေမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့ (ဘီဘီအက်) အဖွဲ့က ခေါင်းဆောင်ပြီး ဆန္ဒပြပွဲအတွင်း ပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပြီးနောက် ရဲတွေ အလုံးအရင်း ချထားပြီး မွတ်စလင်တွေက ကျီးလန့်စာစား အခြေအနေ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက်  ညမထွက်ည အမိန့်ကို ထုတ်ပြန်ထားပြီး အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

ညမထွက်ရအမိန့် ထုတ်ထားပေမယ့် ဒီနေ့ မနက်ပိုင်း ဗလီတလုံးနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ ရဲက စုံစမ်းနေပါတယ်။

လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလို တိုက်ခိုက်နေတာကို အစိုးရက နောက်ကွယ်က ပါတယ်လို့ သုံးသပ်ကြပါတယ်။ အရင်က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဘယ်သူမှ အပြစ်ပေးမခံရတာကို ထောက်ပြ ကြပါတယ်။ အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

၁၉၈၃ ကနေ ၂၀၀၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်းကလည်း တမီးလ်ကျား သူပုန်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မွတ်စလင် ၁၄၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခဲ့ပြီး တမီးလ်သူပုန်တွေ လက်ချက်လို့ စွပ်စွဲကြပေမယ့် အဖွဲ့က ငြင်းဆန်ပါတယ်။

DVB
သီရီလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား ပဋိပက္ခအတွင်း မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရသွားပါတယ်။
ပဋိပက္ခပေါ်ပေါက်တဲ့ နိုင်ငံတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း မြို့တွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသဖြစ်ပါတယ်။အဲဒီဒေသမှာ အနည်းဆုံး မွတ်စလင် အိမ် ၇ လုံး မီးရှို့ခံရတယ်လို့ အရာရှိတွေနဲ့ နယ်ခံတွေက ပြောပါ တယ်။ သီရီလင်္ကာမှာ ၂၀၁၂ ခုနှစ်ကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်နေ တာ ပါ။ဇွန် ၁၅ ရက်နေ့ ပဋိပက္ခမှာ ဆင်ဟာလီလူဦးရေများတဲ့ အလုဂါမာမြို့နဲ့ ဘီရုဝီလာ မြို့တွေမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့ (ဘီဘီအက်) အဖွဲ့က ခေါင်းဆောင်ပြီး ဆန္ဒပြပွဲအတွင်း ပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။ပဋိပက္ခဖြစ်ပြီးနောက် ရဲတွေ အလုံးအရင်း ချထားပြီး မွတ်စလင်တွေက ကျီးလန့်စာစား အခြေအနေ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက် ညမထွက်ည အမိန့်ကို ထုတ်ပြန်ထားပြီး အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

ညမထွက်ရအမိန့် ထုတ်ထားပေမယ့် ဒီနေ့ မနက်ပိုင်း ဗလီတလုံးနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ ရဲက စုံစမ်းနေပါတယ်။

လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလို တိုက်ခိုက်နေတာကို အစိုးရက နောက်ကွယ်က ပါတယ်လို့ သုံးသပ်ကြပါတယ်။ အရင်က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဘယ်သူမှ အပြစ်ပေးမခံရတာကို ထောက်ပြ ကြပါတယ်။ အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

၁၉၈၃ ကနေ ၂၀၀၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်းကလည်း တမီးလ်ကျား သူပုန်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မွတ်စလင် ၁၄၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခဲ့ပြီး တမီးလ်သူပုန်တွေ လက်ချက်လို့ စွပ်စွဲကြပေမယ့် အဖွဲ့က ငြင်းဆန်ပါတယ်။

DVB

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...