ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလသို့ နေ့စဉ်ပြေးဆွဲပေးနေသော
ကူးတို့ရေယာဉ် လိုင်းတွင် ပြည်တွင်းရေ ကြောင်းမှ ပြေးဆွဲနေသည့်
ကူးတို့ယာဉ်များအပြင် ဂျပန်နိုင်ငံ၌ တည်ဆောက်ထားသော ကူးတို့ရေယာဉ်
အသစ်သုံးစင်းသည် လာမည့်နိုဝင် ဘာလ၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာ တော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''ခရီးသွားပြည်သူတွေ ဘေးကင်း လုံခြုံစွာနဲ့ ကူးတို့ရေယာဉ်တွေ စီးနင်းသွားလာ နိုင်ဖို့အတွက် ဂျပန်နိုင်ငံဟီရို ရှီးမားမြို့မှာတည်ဆောက်နေတဲ့ ကူးတို့ယာဉ် အသစ်သုံးစင်း တည်ဆောက် ပြီးသွားလို့ ရေချထားပါပြီ။ လာမယ့် နိုဝင်ဘာမှာ မြန်မာနိုင်ငံကို ရောက်ရှိပြီး ပန်းဆိုးတန်း-ဒလ ခရီးစဉ်မှာ ပြေးဆွဲပေးသွားတော့ မှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ကူးတို့ရေယာဉ်သုံးစင်းသည် ကျန်စစ်သားနှင့်ထီးလှိုင်ရှင် ရေယာဉ်များ ပုံစံအတိုင်း တည်ဆောက်ကာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နာကာ တာနီဆိပ်ကမ်း တွင် ယခုအခါရေချ ထားပြီဖြစ်သည်။ ယင်းကူးတို့ရေယာဉ် များကို ဂျပန်နိုင်ငံ Grand Aid အစီ အစဉ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအထိမ်း အမှတ်အဖြစ် ဂျပန်နိုင်ငံက လက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်သည်။
ယခုအခါ ဒလဆိပ်ကမ်းကိုလည်း ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက် နေခြင်းဖြစ်ပြီး ကူးတို့ဆိပ်ကမ်း၊ နားနေဆောင်များကိုလည်း တည်ဆောက် လျက်ရှိရာလာမည့် အောက်တိုဘာလ၌ လုပ်ငန်းများပြီးစီးရန် သတ်မှတ် လုပ်ကိုင်လျက်ရှိသည်။
ပန်းဆိုးတန်း-ဒလ ကူးတို့ယာဉ် ပြေးဆွဲမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကူးတို့ရေယာဉ်များဖြင့် နေ့စဉ်ခရီး သည်များကို ပို့ဆောင်ပြေးဆွဲပေး လျက်ရှိသည်။ ယခုအခါ ပန်းဆိုးတန်း ဘက် ဆိပ်ကမ်းကိုလည်း ပြင်ဆင်မှု များပြုလုပ်ရန် စီစဉ်လျက်ရှိသည်။