အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 June, 2014

ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအနေနဲ့ ဘယ်လိုငါးအသားကို စားသုံးသင့်သလဲ

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် ငါးမှာ ပါဝင်တဲ့ မာကျူရီ (ဦးနှောက်နှင့် အာရုံကြော ထိခိုက်စေတဲ့အဆိပ်) အန္တရာယ်ရှိကြောင်းကို သင်ကြားဖူးမှာပါ။ ဒါပေမယ့် သင်ဟာ ကိုယ်ဝန်ဆောင်နေတဲ့သူ၊ ကလေးနို့တိုက်နေတဲ့သူ သို့မဟုတ်
မကြာခင်ကလေးယူမယ့်သူ ဖြစ်တယ်ဆိုရင်တော့ ငါးအသား ဘယ်လောက်အချိုးအဆထိ စားသုံးသင့်လဲဆိုတာ သိထားသင့်ပါတယ်။

မာကျူရီပါဝင်နှုန်းများပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆက်ပြီး ရှောင်သင့်တဲ့ ငါးအမျိုးအစား ၅ မျိုးမှာ tilefish၊ ငါးမန်း၊ နှုတ်ခမ်းဓါးကဲ့သို့ ချွန်ထက်တဲ့ငါး (swordfish) နဲ့ အရေခွံပါးတဲ့ ငါး(King Mackerel) စတဲ့ ငါးတွေဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်ပတ်မှာ တူနာငါး ၆ အောင်စထက် မစားသုံးသင့်ပါဘူး။ ချောင်း၊ အင်းအိုင်တွေကနေ ဖမ်းထားတဲ့ ငါးစားသုံးခြင်းကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။ ရေနေသတ္တဝါတွေ စားသုံးခြင်း သီးသန့်အကြံပေးသူနဲ့ မဆွေးနွေးဖူးဘူးဆိုရင် သင့်အနေနဲ့ တစ်ပတ်မှာ ငါး ၆အောင်စသာ စားသုံးဖို့ ကန့်သတ်ထားသင့်ပါတယ်။ ပြီးတော့ ငါးခြောက်၊ ငါးကင်တွေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေ ပါဝင်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ စားသုံးရန် မသင့်လျော်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စားသုံးရန် သင့်တော်ပြီး မာကျူရီအနည်းငယ်သာ ပါဝင်တဲ့ အသားတွေကတော့ ပင်လယ်ငါးကြီး၊ ပုဇွန်တုတ်ကြီးများ၊ တူနာငါး၊ ငါးခူ နှင့် ဆယ်မွန်ငါးတို့ဖြစ်ပြီး ဒီငါးတွေကို သင့်တော်သလို စားသုံးနိုင်ပါတယ်။ 

Ref:.womenshealthmag.com
Trend Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...