အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

21 June, 2014

သမီးလေးရဲ့ ရှေ့ရေးကြောင့် စီးပွားရေးလုပ်ဖို့ရှိတယ်လို့ ဆိုလာတဲ့ မေကဗျာ

အနုပညာရှင်တွေရဲ့ ရင်သွေးရတနာတွေတိုင်း ကိုယ့်မိဘတွေလို အနုပညာကို ၀ါသနာကြီးကြတာမျိုးမဟုတ်သလို အနုပညာရှင်မိဘတွေကလည်း ကိုယ့်သားသမီးတွေကို သူတို့ဝါသနာပါတဲ့၊ စိတ်ဝင်စားတဲ့အရာတွေကို မူတည်ပြီး သူတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းလေးတွေ တည့်မတ်နေအောင်သာ ထိန်းပေး၊ လမ်းပြပေးကြတာမျိုးပါ။ ဒီလိုမှပဲ ကလေးတွေဟာ သူတို့စိတ်ကူး၊ ဖန်တီးမှု၊ ၀ါသနာတွကို မိဘတွေရှေ့မှာ ရဲရဲဝံ့ဝံ့ချပြသွားနိုင်မှာပေါ့။ အနုပညာရှင်တွေထဲမှာ
သရုပ်ဆောင်လည်း ပိုင်နိုင်သလို ညိုညက်ညက်အသားအရေကြောင့် ပရိသတ်တွေရင်ထဲ ရောက်ရှိသွားခဲ့သူ မေကဗျာနဲ့ သူမရဲ့သမီးလေးအကြောင်း ပြောဖြစ်ခဲ့တဲ့အခါ “ကဗျာရဲ့ သမီးလေးက အခုဆိုရင် ၁၀နှစ်ရှိပါပြီ။ ကဗျာရဲ့သမီးကို တော့ အနုပညာအလုပ်တွေ ပေးမလုပ်စေချင်ပါဘူး။ သမီးကိုယ်တိုင်ကလည်း ဒီအနုပညာအလုပ်တွေအပေါ်မှာ စိတ်ဝင်စားစိတ်မရှိဘူး။ သူက ဒီဇိုင်နာအလုပ်ကို စိတ်ဝင်စားတယ်။ ကျောင်းပိတ်ရက်တွေမှာ ဒီဇိုင်နာ သင်တန်းတက်တယ်။ ပြီးတော့ piano သင်တန်းတက်နေတယ်။ မြင်းစီးသင်ဖို့လည်း ရှိပါတယ်။ ပြီးတော့ မြန်မာအက ကိုလည်းပြီးခဲ့တဲ့ ကျောင်းပိတ်ရက်တုန်းက သင်ဖြစ်တယ်။ ဒီနှစ်တော့ မသင်ဖြစ်ဘူး။  သမီးလေးကို မြန်မာအက သင်ခိုင်းတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာမလေး တစ်ယောက်အနေနဲ့ မြန်မာအကကို ကတတ်အောင်လို့ပါ။”လို့ သူမက ဆိုပါတယ်။

ရှေ့ဆက်ပြီး မေကဗျာအနေနဲ့ အနုပညာလောကထဲမှာပဲ ခြေစုံရပ်တည်သွားဖို့ ရှိမရှိနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ကဗျာကအသက်လည်း နည်းနည်းရလာပြီဆိုတော့ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်လုပ်နိုင်သလောက်ထိတော့ အနုပညာအလုပ်တွေကို လုပ်သွားမှာပါ။ နောက်ပြီး ကဗျာ့သမီးလေးရဲ့ရှေ့ရေးကလည်း ရှိသေးတော့ စီးပွားရေးလုပ်ဖို့တော့ ရှိပါတယ်။ ကိုယ်က တစ်ခြားအလုပ်တွေလည်း မလုပ်တတ်တော့ ကိုယ်တကယ် စီးပွားရေးလုပ်ဖြစ်ခဲ့မယ် ဆိုရင်တော့ အနုပညာနဲ့ ပတ်သက်တဲ့အလုပ်ပဲ လုပ်ဖြစ်လိမ့်မယ်”တဲ့။

Trend Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...