ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာ၊ ဓာတ်ပုံ- ကိုဥက္ကာကျော် ဖေ့စ်ဘုတ်
သရုပ်ဆောင် ဆုပန်ထွာက မေလ ၈
ရက်နေ့ထုတ် အစိုးရသတင်းစာ တစောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ အများသိ စေရန်
သတိပေးကြေညာချက်တစောင် ထုတ်ပြန်ပါပြီ။ ပထမ တခါလည်း ဆုပန်ထွာက သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့သူ့ဖေ့စ်ဘုတ်ကနေ တုံ့ပြန်ခဲ့ပါသေးတယ်။ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့
ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စေ့စပ်ကြောင်းလမ်းတာကို လူသိရှင်ကြား
လုပ်ဆောင်ခဲ့ အပြီး ဆက်တိုက်ဆိုသလို အပြန်အလှန် ကြေညာချက်တွေထုတ်နေတဲ့ အထဲက
အခုနေဆုံး ဆုပန်ထွာကလည်း အများသိစေဖို့
သတိပေးစာကို ရှေ့နေ
ဦးချစ်ကိုကိုနဲ့ ဦးသန်းဋ္ဌေးတို့ကို ညွှန်ကြားချက်
ပေး ပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဆုပန်ထွာရဲ့ ကြေးမုံသတင်းစာပါ
အများသိစေရန် သတိပေးချက်မှာတော့ ဆုပန်ထွာဟာ အနုပညာ လုပ်ငန်းတွေကို
ကောင်းမွန်တဲ့ ဂုဏ်သတင်းနဲ့ သက်တမ်းတလျှောက် လုပ်ကိုင်နေတဲ့ မိကောင်းဖခင်
ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တဦးဖြစ်တဲ့အကြောင်း ပထမ အချက်မှာ
ဖော်ပြထားပါတယ်။
ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ
တဦးနဲ့ တဦး မေတ္တာ သက်ဝင်ချစ်ခင်စုံမက်တဲ့ အတွက် ရာသက်ပန် အရိုးမြေကျ
ပေါင်းသင်းဖို့ ရည်ရွက်ချက်နဲ့ ယခင် အိမ်ထောင်နဲ့
တရားဝင်ကွာရှင်းထားကြောင်း မိခင်နဲ့အမ
တွေ ကို အထောက် အထား စာရွက်စာတမ်း
ပြသပြီး မိခင်နဲ့အမတွေကို ကျေနပ်လက်ခံတဲ့အတွက် ကိုဥက္ကာကျော်ဟာ
လူကြီးစုံရာနဲ့ ဧပြီ လ ၉ ရက်နေ့က ဆုပန်ထွာနဲ့ စေ့စပ်ကြောင်းလမ်းခဲ့
တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဆုပန်ထွာရဲ့
ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ဖို့ သတိပေး တားမြစ်
တာလို့ ဖော်ပြပြီး သတင်းစာ၊ ဂျာနယ်။ ၀က်ဆိုက်တွေက ဆုပန်ထွာရဲ့ ဂုဏ်သိက္ခာ
ကျဆင်းအောင် ပြော ဆို ရေးသားမှုတွေကို စုံစမ်းသိရှိပါက ဥပဒေနဲ့အညီ
ထိရောက်စွာ အရေးယူဆောင်ရွက် သွားမှာဖြစ်တယ် လို့ အများသိစေ ဖို့ သတိပေး
တားမြစ်ကြေညာအပ်ပါတယ်လို့ ဆုပန်ထွာရဲ့ ရှေ့နေ ၂ ဦး လက်မှတ်နဲ့
ကြေညာချက်မှာ ဖော်ပြပါတယ်။
ကိုဥက္ကာကျော်ရဲ့ တရားဝင်ကွာရှင်းမပြီးသေးဘူးဆိုတဲ့ ဒေါ်မဉ္စူအောင်ကလည်း မကြာသေးခင်တုန်းက ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ စေ့စပ်ပွဲကို ကန့်ကွက်ကြောင်း ကြေးမုံသတင်းစာမှာ ကြေညာခဲ့ပါသေး တယ်။
အဲဒီနောက် ကိုဥက္ကာကျော်ကလည်း သူ့ဖေ့စ်ဘုတ်ကလည်း ရှင်းလင်းချက် သူ့ဖေ့စ်ဘုတ်ကလည်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့သလို ကြေးမုံ သတင်းစာမှာရှင်းလင်းချက်နှင့်အများသိစေရန်ကြေညာခဲ့ပါသေးတယ်။
အိမ့်သံစဉ် ~
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
May
(106)
-
▼
May 09
(20)
- သံပုရာရည်ကို တစ်နေ့တစ်ခွက် သောက်သင့်ပါတယ်
- တယ်လီနောက ပထမတစ်နှစ်အတွင်း ဖိုက်ဘာကေဘယ် ကီလိုမီတာ ...
- ကိုယ်သင်းနံ့လေးမွှေးစေဖို့ (ယောက်ျားများအတွက်အထူး)
- လာမည့်နှစ် သူငယ်တန်း တက်ရောက်မည့် သူတိုင်းကို အသက်...
- ရော်နယ်ဒင်ဟို၊ ကာကာ နှင့် ကော်တင်ဟိုတို့ ချန်လပ်ထာ...
- ရှက်ကီးရာရဲ့ ဒီနှစ် ကမ္ဘာ့ဖလား သီချင်း La... La... La
- ထိုင်းနိုင်က ဘော်ဒါတွေ အတွက် သတင်းကောင်းလေးပါ
- တရားဝင် ကွာရှင်းခွင့် လျှောက်ထားမှုနှင့်ပတ်သက်ပြီး ...
- အိပ်ရာထချိန် ခါးမနာစေလိုလျှင်
- "မြတ်သောမောင် နဲ့ အဆင်ပြေမယ့် သူကို လက်တွဲဖို့ စဉ်...
- မုဆိုးမတစ်ဦးက အိမ်ထောင်ရှိသူ အမျိုးသားနှင့် ဖောက်...
- ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုမြင့် တ...
- အမျိုးသမီး အဆိုတော် တစ်ဒါဇင်နဲ့ ရှိုးပွဲလုပ်တော့မည်...
- "ဗီဒီယို လောကကြီး သာသာယာယာ ရှိနိုင်ပါစေ ဆိုတဲ့ ဂွမ...
- သက်သတ်လွတ် စားခြင်း၏ အကျိုးကျေးဇူးများ
- စစ်တွေတွင် ညကိုးနာရီ နောက်ပိုင်း လမ်းပေါ် ရှိသူများ...
- ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ
- သတိပြုသင့်သည့် မိုးကြိုကာလ မုန်တိုင်းအန္တရာယ်
- လန်ဒန် ပရိသတ်ကို မှင်တက်သွားစေတဲ့ မိုင်လေဆိုင်းရပ်စ်
- ရှက်ကီးရာရဲ့ ဒီနှစ် ကမ္ဘာ့ဖလား သီချင်း La... La... La
-
▼
May 09
(20)
-
▼
May
(106)