အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 March, 2014

အချစ်က လူကို အများကြီးပြောင်းလဲသွားစေခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ မိုးအောင်ရင်




ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် အပြုံးချိုချိုနဲ့ အားလုံးကို စနောက်ကာ ပျော်ရွှင်စွာနေတတ်တဲ့ အနုပညာရှင်ကတော့ မိုးအောင်ရင်ဆိုတဲ့ ကောင်လေးပါ။  ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မကြာသေးခင်က သူနဲ့ သူချစ်သူဓာတ်ပုံတွေ တွေ့လိုက်ရတာကြောင့် အချစ်ရေးနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ ‘အချစ်ရေးကတော့ တော်တော်လေးအဆင်ပြေပါတယ်။ အိမ်ထောင်ရေးကို ဘာမှမစဉ်းစားထားဘူး။ ဆောက်ဖြစ်မှ ကျောင်းတကာပေါ့။ အခုရထားတဲ့ အချစ်က ကျွန်တော့်ကို ပြောင်းလဲသွားအောင် တော်တော်များများလုပ်နိုင်တယ်။ အလုပ်တွေ အများကြီးလုပ်ချင်စိတ်ရှိအောင်၊ မိုးအောင်ရင် အသုံးမကျတာတွေမြင်အောင် သဘောအားဖြင့် အိမ်တွင်းမှာတင်ဖြစ်တဲ့ဟာမျိုးပေါ့။ ဥပမာ ကျွန်တော်သည် အိမ်ကလူတွေကို အရမ်းဆူတယ်။ မနားမနေကိုဆူတယ်။ အမှိုက်တွေ့ရင်ဆူတယ်။ ဖုန်တက်ရင်ဆူတယ်။ အဲဒါသူက နားညီးပြီးမခံနိုင်တော့ ကျွန်တော့ကို အဲဒီအလုပ်တွေလုပ်ခိုင်းတယ်။ ထမင်းစားပြီးရင် ကိုယ့်ပန်းကန် ကိုယ်သိမ်းတတ်သွားတယ်။ ငယ်ငယ်ကတည်းက ညီမလေးရှိပေမဲ့ ကျွန်တော့်ကို တစ်ဦးတည်းသော သားအတိုင်းကိုအဖေနဲ့အမေက သဘောထားတယ်။ သူ့ကိုရွေးချယ်ဖြစ်တာက အဲဒါတွေကြောင့်လဲပါတယ်။သူများတွေဆိုရင် လာပွားတယ်ဆိုပြီး အဆင်ပြေချင်မှ ပြေမယ်။ ကျွန်တော်ကကျတော့ အမေအဖေနဲ့ခွဲနေရတဲ့အတွက် ဒါကိုကောင်းသောပြောင်းလဲမှုလို့ပဲမြင်တယ်။ အရှေ့ကလူတွေလဲ လုပ်ပေးတယ်။ ဒါပေမဲ့နဲနဲလေးမှ သည်းမခံဘူး။ တခုခုပြောတာနဲ့ရန်ဖြစ်ပြီးပြတ်သွားရော။ ဖြတ်ပစ်တယ်။ အိမ်မလာခိုင်းတော့ဘူး။ မောင်းထုတ်တာမျိုးတို့။ သူကကျတော့ကျွန်တော့ညီမနဲ့တူတာလဲပါတယ်။ ပြီးတော့ညီမနဲ့လဲအရမ်းတည့်တယ်။ ရည်းစားသက်တမ်းက ၆လလောက်ပဲရှိပါသေးတယ်’လို့ သူက ဖွင့်ဟသွားပါတယ်။

Credit: Trend Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...