အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 March, 2014

ထိုင်းရှိ ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားအရေး၊ နှစ်နိုင်ငံ သဘောတူထားသည့် လုပ်ငန်းများဆောင်ရွက်ပေးရေး မြန်မာအစိုးရ အနေဖြင့် ထိုင်းကို တွန်းအားပေးရန်လို

Photo: ထိုင်းရှိ ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားအရေး၊ နှစ်နိုင်ငံ သဘောတူထားသည့် လုပ်ငန်းများဆောင်ရွက်ပေးရေး မြန်မာအစိုးရ အနေဖြင့် ထိုင်းကို တွန်းအားပေးရန်လို

မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံရေး မငြိမ်သက်မှုနှင့်တိုက်ဆိုင်နေသည့် ထိုင်းရောက် လေးနှစ်ပြည့် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားများအရေး နှစ်နိုင်ငံသဘောတူညီထားသည့် လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ပေးရန် ထိုင်းနိုင်ငံကို တွန်းအားပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မြန်မာအလုပ်သမားစောင့်ရှောက်ရေးနှင့် ပူးတွဲလှုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ထိုင်းအစိုးရအနေဖြင့် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားများကို မဖမ်းဆီးရေးအတွက် ပြောကြားထားသော်လည်း နယ်စပ်ဒေသများတွင် လ၀ကရဲများနှင့် အခြားရဲများက မြန်မာအလုပ်သမားကို စာရွက်စာတမ်းစစ်ဆေးပြီး စာရွက်စာတမ်းပြည့်စုံမှု မရှိဟုဆိုကာ ငွေတောင်းခံမှုများ ရှိသည်ဟု သိရသည်။

ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားများသည့် ဗီဇာသက်တမ်းတိုးရန်အတွက် မြန်မာနိုင်ငံသို့ တစ်လ ပြန်လည်နေထိုင်ရမည်ဖြစ်ရာ လုပ်သက်နစ်နာခြင်း၊ အထွေထွေ ကုန်ကျစရိတ်ကြီးမားခြင်း၊ လုပ်သက်ရှိပြီးမှ အလုပ်သမားအသစ်အဖြစ် ပြန်လည်လုပ်ကိုင်ရခြင်း၊ ထိုင်းအလုပ်ရှင်များမှလည်း ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးခြင်းတို့ ကြုံတွေ့ရမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံရေး မငြိမ်သက်မှုနဲ့ တိုက်ဆိုင်နေတဲ့ ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမားအရေးမှာ ထိုင်းမှာ တရားဝင်အစိုးရ ရှိမရှိပေါ့ဗျာ။ အရင်နှစ်နိုင်ငံ သဘောတူထားတဲ့ လုပ်ငန်းစဉ်တွေကို ထိုင်းအစိုးရအနေနဲ့ လိုက်နာဆောင်ပေးဖို့ မြန်မာဘက်က ထိထိရောက်ရောက် တိုက်တွန်းဖို့ လိုအပ်နေပါပြီ။ မဟုတ်ရင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ဘိန်းမုန့်နဲ့ အလွန်တူလွန်းလို့ပါ။ အပေါ်မီး၊ အောက်မီး အပေးခံရသလို ထိုင်းအစိုးရနဲ့ မြန်မာအစိုးရကြားမှ နှစ်ပူပေါ်သုံးပူဆင့် ဖြစ်နေရတယ်” ဟု မြန်မာအလုပ်သမားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှစ၍ ယခုလအတွင်း ထိုင်းနိုင်ငံရှိ လေးနှစ်ပြည့်ဗီဇာ သက်တမ်းကုန် မြန်မာအလုပ်သမားများမှာ မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ထောင်နဲ့ချီ ပြန်လည်ရောက်ရှိလာခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ်တွင် အ၀င်အထွက်ပြရုံဖြင့် ထိုင်းနိုင်ငံတွင် ဆက်လက်အလုပ် လုပ်ကိုင်ခွင့်ရရေး၊ ယာယီနိုင်ငံကူးလက်မှတ်မှ သာမန်နိုင်ငံကူး လက်မှတ် ပြောင်းလဲထုတ်ပေးရေး လုပ်ငန်းစဉ်များတွက် ယခင်ထိုင်းအစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်။

-
ထိုင်းနိုင်ငံ မဟာချိုင်ဒေသ၌ အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇောလင်း)

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...