ဝတ်မှုန်ရွှေရည်က Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန် ကစား ဖြစ်ပြီး
အားကစား လုပ် ခြင်းက စိတ်ဖိစီးမှုတွေကို ပျောက်စေတယ်လို့ ပြောပါတယ်။ “အား
ကစား လုပ်တာက စိတ် ဖိစီးမှုတွေ ပျောက် တယ်။ အားကစား လုပ်ပြီးရင်
အစားအသောက်လည်း ထိန်းဖြစ်တယ်။ တစ် ပတ်မှာGym က ၃ ရက်၊ ၄ရက်လောက် ဆော့ဖြစ်
တယ်။ ယောဂက တစ်ပတ်မှာ ၁ရက်၊၂ရက် လောက်လုပ်ဖြစ်တယ်။ တင်း နစ်က အရင်တုန်းက
ရိုက်ဖြစ် တယ်။ အခုနောက်ပိုင်းတော့ မရိုက်ဖြစ်တော့ဘူး။ တင်းနစ်ရိုက်ပြီး
ရင်တအားပင် ပန်းလို့ မရိုက်ဖြစ်တော့တာပါ။ အားကစားကို လူတိုင်း
အချိန်ပေးပြီး လုပ်သင့်ပါတယ်။ အမြဲတမ်းလေ့ကျင့်ခန်းလုပ်တော့ လူလည်း
ကျန်းမာတယ်” လို့ အား ကစားလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေ ကို ပြောပြပါတယ်။
ဝတ်မှုန်ရွှေရည်ကကားရိုက်
တွေ ဆက်တိုက်ရှိနေပေမယ့်လည်း ပုံမှန်အနေနဲ့ တစ်လကို တစ်ရက်၊ နှစ်ရက်ေ
လာက်တော့ နား ဖြစ်ကြောင်း ပြောပါတယ်။ “နားရက်ကိုလည်း ထား ထားပါတယ်။
ကျန်းမာရေးကိုတော့ အဓိက အားဖြင့် အစားအသောက်၊ အနေအထိုင်ကို အဓိကဂရု
စိုက်ဖြစ် တယ်။ ကျန်းမာစေတဲ့ အစားအသောက်ကို အဓိက ဦးစားပေးပြီး စားဖြစ်တယ်။
အသီးအရွက်ကို ပိုပြီး စားတယ်။ ပြီးတော့ လေ့ကျင့်ခန်းကို အချိန်ရရင် ရသလို
ပုံမှန်လေးကစားဖြစ်တယ်။ ကျန်း မာရေးကို အဲဒီလိုပဲ ဂရုစိုက်ဖြစ်တယ်။ ကစ်
တအားအလုပ်ပင် ပန်းလာရင် အိမ်မှာပဲအနားယူလိုက်တယ်။ တစ်ယောက်တည်းနေတာ ပဲ
ဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်လိုက်တာပဲဖြစ် ဖြစ်စိတ်ကိုအပန်းဖြေဖြစ်တယ်။ ပြီး
တော့ စာအုပ်ဖတ် ဖြစ်တယ်။ မိသားစုကို အချိန်ပေးဖြစ်တယ်။ ဒါပေမဲ့
အမြဲတမ်းလိုလိုတော့ မပေးဖြစ်ပါဘူး။
ကိုယ်အလုပ်မရှိတဲ့ရက်၊ညဘက်ပိုင်းလေးပဲဖြစ်ဖြစ်
အချိန် ပေးဖြစ်တယ်” လို့ ရှုတင်နားရက်မှာ အနားယူဖြစ်တဲ့အကြောင်းကို ဝတ်မှုန်
ရွှေရည်က ပြောပြ ပါတယ်။ အခု လက်ရှိအချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ
ဝါသနာပါသလို တခြား စီးပွားရေးအလုပ်တွေနဲ့ပတ်သက် ပြီး တော့လည်း
စိတ်ဝင်စားကြောင်း၊ သူ့အနေနဲ့ အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းလေးတွေကို
ပိုပြီးစိတ်ဝင်စားကြောင်း၊ အဓိကလုပ်ဖြစ်နေတာက
ဒီအနုပညာအလုပ်တစ်ခုပဲဖြစ်ကြောင်း ဝတ်မှုန်ရွှေရည်က ပြောပါ တယ်။
ခိုင်ဝေလွင်၊ လွင်လွင်ထွန်း၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
December
(14)
-
▼
Dec 28
(6)
- ၂၀၁၃ခုနှစ် ကမ္ဘာ့အလှဆုံးမိန်းကလေး ၁၀၀ စာရင်းဝင်သွား...
- အလှဆုံးအလှမယ် ဆန်ခါတင်၃၀စာရင်းမှာ ထပ်မံရွေးချယ်ခံရ...
- ကျန်းမာရေးအတွက် Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပ...
- ပြေတီဦးကိုအကယ်ဒမီ ဆုရစေချင်တယ်ဆိုတဲ့ အိန္ဒြာကျော်ဇ...
- ဘယ်အရာအတွက်မှ စိတ်ရှုပ်မခံဘူး ပျော်အောင်ပဲနေတယ်လို့...
- ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆ...
-
▼
Dec 28
(6)
-
▼
December
(14)