၂ဝ၁၄မှာ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်၊
အဆိုတော်ချစ်သုဝေလည်း ပါဝင်နေပါတယ်။ မကြာခင် နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲကို
၃ပွဲ စီစဉ်ကျင်းပမယ်လို့ ကြားနေရပြီး ရက်အတိအကျ ကိုတော့ပရိသတ်တွေကို
အသိပေးပါ့မယ်လို့ ချစ်သုဝေ က ပြောပါတယ်။ အဆို တော်လင်းလင်းနဲ့
ချစ်သုဝေတို့က မင်္ဂလာဦး ဆွမ်းကျွေးနဲ့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ
မင်္ဂလာပွဲကျင်းပ မှာဖြစ်ပြီး ချောင်းသာကမ်းခြေမှာလည်း မင်္ဂလာပွဲကို
ထူးထူးခြားခြား ကျင်းပဆင်နွှဲမယ်လို့ ကြားသိရတာကြောင့် မေး
ကြည့်တော့ချစ်သုဝေက "ချောင်းသာမှာမင်္ဂလာပွဲကျင်းပဖြစ်တာကတော့ ထရီဇာ တို့နဲ့
တအား ရင်းနှီးတဲ့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဲဒီပွဲကပို
လုပ်ဖြစ် မှာပါ။ထရီဇာတို့သိကျွမ်းတဲ့မိတ်ဆွေတွေကတအားများတဲ့အတွက် Church
ပွဲကတော့ နှစ်ဖက်စလုံး သိကျွမ်းတဲ့အသိမိတ်ဆွေ တွေအားလုံးကို ဖိတ်
မယ်။
ဒီချောင်းသာ ပွဲလေးက ခရီးလည်းသွားရမယ်။ မင်္ဂလာပွဲတစ်ရက် အသွားအပြန်နှစ်ရက်၊
အားလုံးပေါင်း ၃ရက်ဆိုတော့ အချိန်လည်းေ ပးနိုင်မယ့် ထရီဇာတို့ရဲ့
အရင်းနှီးဆုံးမိတ်ဆွေတွေကိုခေါ်သွား မယ့်သဘောပေါ့။ Church ပွဲမှာ
ကူညီမယ့်သူတွေ၊ Church ပွဲ မှာ
enjoy မလုပ်နိုင်ဘဲ ထရီဇာတို့
အတွက်လိုက်ပြီးကူညီနေရမယ့် ဓာတ်ပုံ ဆရာတွေ၊ ကင်မရာ မင်းန်တွေ၊ ထရီဇာတို့ရဲ့
သူငယ်ချင်းမိတ်ဆွေ တွေ၊ မိတ်ကပ်ဆရာတွေ၊ သူတို့တွေ အားလုံးပျော်ရွှင်ဖို့
အတွက်ပါ။ ဟိုတယ်Max မှာလုပ်ဖြစ်မယ်။ လူ ၂ဝဝလောက်ပဲ ဆံ့မှာဆိုတော့ လူ ၂ဝဝ
လောက်နဲ့ wedding party ပွဲ၊ ကော့ တေးပါတီလုပ်မယ်လို့ စိတ်ကူး လိုက် တာပါ။
အဓိကကတော့ အစ်ကို (လင်းလင်း)က စီစဉ်တာပေါ့။ ထရီဇာ ကအစ က တည်းက Beach
Wedding ကို စိတ်ကူးယဉ်ခဲ့ ဖူးတဲ့သူ ဆိုတော့ ပျော် ပျော် ရွှင် ရွှင်နဲ့
လက်ခံဖြစ် တယ်။ တ ကယ်တမ်း စီ စဉ်တဲ့ အခါမှာBeach မှာကျတော့
နည်းနည်းလေးအလုပ် ရှုပ် တယ်။ ဘယ်အခန်းမှာ ဘယ် သူဆိုပြီး အသေးစိတ်က အစ
စီစဉ်ရတယ်" လို့ ပြောပါတယ်။ဘဝ မှာ ပျော်ရွှင်ရတဲ့အချိန်လည်း
ဖြစ်သလို၊မင်္ဂလာယူနေတဲ့ အချိန် မှာ
သူ့ကိုချစ်တဲ့ ပရိသတ်တွေက လည်း
ဆုတောင်း စကားတွေ ပြောပေးရင် ဝမ်းသာမိမှာဖြစ် ကြောင်းကို ချစ်သုဝေက "ထရီဇာ
ကို ချစ်တဲ့ပရိသတ်တွေက ချစ်တဲ့စိတ်၊ မေတ္တာစိတ်ကလေးနဲ့ ထရီဇာပျော်ရွှင်
နေတဲ့အချိန်လေး၊ မင်္ဂလာယူနေတဲ့ အချိန်လေးမှာ ဆုတောင်းစကားလေး တစ်ခုခုနဲ့
ရင်ထဲ၊ အသည်းထဲကနေ လှိုက်လှိုက် လှဲလှဲလေး ဆုတောင်းပေး ရင် တအား
ဝမ်းသာမိမှာပါ။ ဒီထက်ပိုပြီး တော့လည်း နှလုံးသားတစ်ခု၊ ဦးနှောက် တစ်ခုနဲ့
အနုပညာအလုပ်တွေကို ပိုပြီး မြတ်မြတ်နိုးနိုး တလေးတစားနဲ့ ဆက်
လုပ်သွားမှာပါ" လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
December
(14)
-
▼
Dec 28
(6)
- ၂၀၁၃ခုနှစ် ကမ္ဘာ့အလှဆုံးမိန်းကလေး ၁၀၀ စာရင်းဝင်သွား...
- အလှဆုံးအလှမယ် ဆန်ခါတင်၃၀စာရင်းမှာ ထပ်မံရွေးချယ်ခံရ...
- ကျန်းမာရေးအတွက် Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပ...
- ပြေတီဦးကိုအကယ်ဒမီ ဆုရစေချင်တယ်ဆိုတဲ့ အိန္ဒြာကျော်ဇ...
- ဘယ်အရာအတွက်မှ စိတ်ရှုပ်မခံဘူး ပျော်အောင်ပဲနေတယ်လို့...
- ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆ...
-
▼
Dec 28
(6)
-
▼
December
(14)