အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 October, 2013

အပ်နှံယာဉ်အို၊ ယာဉ်ဟောင်းများ အခွန်စံနှုန်း တစ်ပြေးညီ ပြန်သတ်မှတ်

Friday, October 11, 2013

အခွန်ထမ်းဆောင်ရာတွင် တစ်ပြေးညီ ဖြစ်စေရန်အတွက် မော်တော်ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံကားများ၏ အခွန်စံနှုန်းများ သတ်မှတ်ချက်ကို တစ်နိုင်ငံလုံး တစ်ပြေးညီ ပြန်လည် သတ်မှတ် ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်များ အခွန်စည်းကြပ်ရေး စီမံချက် လုပ်ငန်းကော်မတီ ခေါင်းဆောင် ဦးဇော်အောင်က ပြောကြားသည်။

အဆိုပါ အခွန်နှုန်းထား သတ်မှတ်ချက်မှာ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အကျုံးဝင်ပြီး ယင်းသတ်မှတ် နုန်းထားများအတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း သတ်မှတ်လျက် ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းသတ်မှတ်ချက်တွင် CNG တပ်ဆင်ပြီး အပ်နှံယာဉ်များကို ကျပ်သိန်း ၅၀ သတ်မှတ်ထားပြီး CNG မပါသော ယာဉ်များကို ကျပ်သိန်း ၄၀ သတ်မှတ်ထားကာ ယင်းသတ်မှတ်ကြေး တစ်ဝက်၏ ၁၅ ရာခိုင်နှုန်း (သတ်မှတ်ချက်၏ ၇ ဒသမ ၅ ရာခိုင်နှုန်း) ယာဉ်ပိုင်ရှင်များက ပေးဆောင်ရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice သို့ ပြောကြားသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းမှာ အခွန်ထမ်း ပြည်သူများအနေနှင့် အခွန်နှုန်း သက်သာစွာ ထမ်းဆောင်စေ လိုသောကြောင့် လုပ်ဆောင်ရခြင်း ဖြစ်ပြီး ပွင့်လင်း မြင်သာမှု ရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဦးကျော်ကျော်က ပြောဆိုသည်။

ယင်းသို့ အခွန်စံနှုန်း သတ်မှတ်ခြင်းကြောင့် ပြည်တွင်း မော်တော်ယာဉ် ဈေး များမှာလည်း ကျသွားနိုင်ပြီး စလစ်ဈေးများလည်း ကျဆင်းသွားနိုင်မည် ဖြစ်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးကျော်ကျော်မြင့်က ပြောကြားသည်။
“အဲဒီကားတွေက အရင်က သိန်း ၉၀ လောက်နဲ့တောင် ဝယ်မယ့်သူ မရှိဘူး။ အခုတော့ သိန်းတစ်ရာလောက်နဲ့ လိုက်ဝယ်နေကြတယ် စဉ်းစားလို့ကို မရဘူး။ ဒါပေမဲ့ ‘န’ အက္ခရာတုန်းကတော့ သိန်း ၁၄၀ လောက် ထိတော့ ဈေးတက်ဖူးတယ်။ အခုစံနှုန်းတွေ သတ်မှတ်လိုက်ပြီဆိုတော့ ဈေးကျ သွားနိုင်ပါတယ်” ဟု ဦးကျော်ကျော်မြင့်က ဆိုသည်။

မော်တော်ယာဉ် ဈေးကွက် အတွင်းတွင်လည်း ‘အ’ အက္ခရာယာဉ်များ အအပ် လက်ခံတော့မည်ဟူသော သတင်းများကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ ဈေးပြန်တက်လျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...