မေဒေးနေ့မှာ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခဲ့တဲ့ နန်းခင်ဇေယျာ´

နန်းခင်ဇေယျာက မေလ ၁ရက်နေ့ (မေဒေးနေ့)မှာ ပြည်သူ့ရင်ပြင်မှာ မိဘမဲ့
ကလေးဂေဟာ ၁၂ ခုနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေး ၁၃၅၀တို့ကို တွေ့ ဆုံပြီး
သူတို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ မြှင့်တင်အားပေးခဲ့ပါတယ်။
တွေ့ဆုံပွဲနဲ့ ပတ်သတ်ပြီး နန်းခင်ဇေယျာက ``ရန်ကုန်တိုင်းဒေသကြီး
ဆယ်မြို့နယ်ထဲက ဒလတို့ဘာတို့ ရန်ကုန်အပြင်ဘက် မြို့နယ်တွေကလည်း ပါတယ်။
မိဘမဲ့ကလေးဂေဟာ ၁၂ ခုရယ်၊ ဆင်းရဲနွမ်းပါးတဲ့ ကလေး ၁၃၅၀ ပါ ပါတယ်။ သူတို့ရဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာကို မြှင့်တင်ဖို့အတွက် လုပ်တာပါ။ သူတို့ရဲ့
မျှော်လင့်ချက်တွေ ကောင်းမွန်လာအောင် သူတို့ကို သူတို့ ယုံကြည်မှု
ရှိအောင်ပေါ.။ ဒီနေ့ သွားလိုက်တဲ့အချိန်မှာ ကလေးတွေကို အားပေး
စကားပြောတယ်။ အားပေးစကား ပြောပြီးတော့ ကလေးတွေနဲ့အတူတူ
သူတို့ရဲ့ဘ၀မှာယုံကြည်မှု ရှိလာအောင် မေးခွန်းလေးတွေနဲ့ အမေး အဖြေ လုပ်တယ်။
ကလေးတွေနဲ့ အတူတူ ဆော့တယ်။ ပြည်သူ့ရင်ပြင်မှာ ကလေးတွေနဲ့ အတူတူ မနက် ၁၀
နာရီခွဲကနေ နေ့လည် ၂ နာရီအထိ ရှိပါတယ်။
အဓိက က
ပီတိအရမ်းဖြစ်ပါတယ်။ ဒီနေ့ ဆိုရင် ကိုသားစိုးက စင်မြင့်ပေါ်မှာ သီချင်းတွေ
ဖျော်ဖြေတယ်။ ဖျော်ဖြေတဲ့အချိန်မှာ ကလေးတွေက အပူအပင် မရှိဘဲနဲ့
နားထောင်နေကြတာ။ သူတို့ဘ၀လေးတွေက လုံးဝ အပြစ်ကင်း တယ်ပေါ့နော်။
သူတို့အသက်ကြီးလာရင် လုပ်ငန်းခွင်ဝင်ရတော့မှာ ဘ၀ကို လျှောက်
လှမ်းရမယ့်သူတွေဖြစ်ပြီ။ သူတို့ဟာ နောင်လာမယ့် ကြယ်ပွင့်လေးတွေ
သူတို့ကိုကြည့်ရင်း ကိုယ်တောင် ကလေးဖြစ်ချင် လာတယ်´´ လို့ ပြောပြခဲ့ပါတယ်။
သီဟ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်