နယ်တွေမှာ ဇာတ်သဘင် နဲ့အတူ သီချင်းတွေ လိုက်ဆိုဖြစ်နေတဲ့ ထွန်းထွန်း
ထွန်းထွန်းက
လတ်တလောမှာ ဒါရိုက်တာ ပြေဇင် ရိုက်ကူးတဲ့ “ရိုးရိုးမိုက်မိုက်” ဇာတ်ကားကို
နေမင်း၊ ကြက်ဖ၊ မိုးဟေကို တို့နဲ့ အတူ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ် ကားမှာ
ထွန်းထွန်းက အရမ်းဆိုးတ သူကြီးသား တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။
အရင်က ဆိုရင် ပျော်အောင် နေတဲ့ အပြင် ပျက်အောင် နေတတ်ကြောင်း၊ အခု
နောက်ပိုင်း မှာတော့ အသက် ကြီးလာပြီ ဖြစ်တဲ့ အတွက် ပျော်အောင်ပဲ
နေတော့ကြောင်း ထွန်းထွန်း ကပြောပါတယ်။ နောက်ပိုင်းမှာ ဇာတ်ကား ရိုက်ကူးမှု
ပုံစံနဲ့ ပတ်သက်ပြီး ထွန်းထွန်းက “အဓိက ပြဿနာက ကျွန်တော် ရိုက်တုန်းက
ဆိုရင် တစ်လ သုံးကားနဲ့ ရိုက်တယ်။ သင်္ချာနည်း နဲ့ တွက်ကြည့် တော့ တစ်နှစ်
ကို ကား ၃ဝကျော်လောက် ရှိသွားတယ်။ ဖြည်းဖြည်း ချင်း သွားရမယ့် သဘောရှိတယ်။
လုပ်ချင်တာ များနေရင် ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ကင်းသွားနိုင်တယ်”လို့
ပြောပါတယ်။
နောက်ပိုင်းမှာ ဇာတ်ကား ရိုက်ကူးမှု အပြင် ဇာတ်သဘင်နဲ့တွဲပြီး နယ်မှာ
သီချင်း သွားဆို ဖြစ်နေကြောင်း ပြောတဲ့ ထွန်းထွန်းက နယ်က ပရိသတ်ရဲ့
အားပေးမှု အခြေအနေနဲ့ ပတ်သက်ပြီး “အရင်က ဆိုရင် နယ်မှာ ဇာတ်အဖွဲ့တွေ
သီချင်းဆိုဖို့ ငှားရင် ကျွန်တော် မသွားဖြစ်ဘူး။ အခုကျတော့
ကိုတင်မောင်ဆန်းမင်းဝင်း နဲ့ ပူးပေါင်းပြီး နယ်မှာ သီချင်းဆိုဖြစ်တယ်။ နယ်က
ပရိသတ်တွေက ကျွန်တော့် သီချင်းကို စီဒီနဲ့ဆိုရင် သူတို့ မကြိုက်ဘူး။ Band
နဲ့ ဆိုခိုင်းကြတယ်။ သဘောတစ်ခုက နယ်က ပရိသတ်တွေက သီချင်းတကယ် ဆိုတတ်ရင်
သူတို့ တကယ့် အားပေးတယ်” လို့ ပြောပါတယ်။ “စူပါစတား” ဗီစီဒီ ကိုတော့ နောက်
လေး လလောက် ဆိုရင် ပရိသတ်တွေ ဆီကို ရောက်တော့မှာ ဖြစ်တယ်လို့ ထွန်းထွန်းက
ပြောပါတယ်။
တွယ်တာ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်