အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 April, 2013

အရက်နှင့်ဆေး တွဲဖက်မသုံးပါနှင့်


မည်သည့် ဆေးဝါးမျိုးကိုမဆို အရက်နှင့်တွဲဖက်မသုံးစွဲ မမှီဝဲသင့်ကြောင်း သုတေသန ပညာရှင်များက သတိပေးပြောကြားလိုက်သည်။ အရက်သည် တချို့သော ဆေးဝါးများ၏ မူလပမာဏကို သုံးဆခန့်မြင့်တက်သွားစေနိုင်ခြင်းကြောင်း ဖြစ်သည်ဟုဆိုသည်။

ဆေးဝါးတချို့သည် ခန္ဓာကိုယ်အတွက် ဆေးဝါးရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် ကြောင်း ဓာတ်ခွဲစမ်းသပ်မှုများအရ သိရှိရသည်။ Monash Univorsity မှ ဆေးဝါးဗေဒတွဲဖက်ပါမောက္ခ Christel Bergstrom က ဦးဆောင်ပြုလုပ်သော သုတေသန၏ တွေ့ရှိချက်ဖြစ်သည်။

ဆေးဝါးများကို သတ်မှတ်ပမာဏ သုံးစွဲထားသော်လည်း အရက်သည် ခန္ဓာကိုယ်ရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် သည်ဟု Monash ကပြောကြားခဲ့သည်။ ဈေးကွက်အတွင်းမှ ဆေးဝါး ၅၀၀၀ ခန့်ကို စစ်ဆေးခဲ့သည်ဟု သိရသည်။

အရက်သည် မည်သို့မည်ပုံ ဆေးဝါးများ၏ ပျော်ဝင်နိုင်မှုကို အားကောင်းစေသည်ဆို ခြင်းနှင့် စွမ်းရည်သုံးဆ ပိုလာခဲ့သည်ဆိုခြင်းကို ရှာဖွေနိုင်ခဲ့ကြသည်။ စမ်းသပ်စစ်ဆေးခဲ့ပြီး ဆေးဝါး ၂၂ မျိုးအနက် ၆၀ ရာခိုင်နှုန်းကျော်မှာ အရက်ကြောင့် ပိုမိုပျော်ဝင်နိုင်စွမ်းရှိလာသည်။ လျင်မြန်စွာ ပျော်ဝင်နိုင်ကြသည်။ အက်စစ်သတ္တိရှိသော ဆေးဝါးများအပေါ် အကျိုးသက်ရောက်မှု ပိုကဲစေသည်ဟု ဆိုသည်။ သွေးခဲခြင်းကို ဆန့်ကျင်သည့် ဆေး warfarin ကင်ဆာရောဂါကုဆေး Tamoxifen နှင့် အကိုက်အခဲနှင့် အရောင်ကျဆေး Naproxan တို့သည်အက်စစ်သတ္တိရှိသော ဆေးဝါးများဖြစ်ကြ သည်။

အရက်နှင့်ဆေးဝါးများ တွဲစပ်မသောက်ကြရန် သုတေသနပညာရှင်များ၏ သတိပေး ချက်မှာ အလေးထားဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်သည်။

Facebook

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...