အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 April, 2013

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေသောနည်း(ဆေးချိုးခွာနည်း)

ဆေးလိပ်သောက်ခြင်းမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို  သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း  (ဝါ) အဆုတ်တွင်ကပ်နေသော နီကိုတင်းဆေးချိုး၊ ဆေးချေး(ကြေး)များ ကွာကျစေသည့်နည်းကို  တင်ပြအပ်ပါသည်။ ထို့အပြင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခဲ့ပြီး ဆေးလိပ်ဖြတ်သူများလည်း အဆုတ်  သန့်ရှင်းအောင် ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။                                  နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည်-  လူတိုင်းနီးပါးသိရှိသော လောက်သေပင်မှ လောက်သေရွက် (၅) ကျပ်သား ခူးယူပြီး ရေမတ်ခွက်  သုံးခွက်နှင့် ပြုတ်ကျိုပါ။ ရေမတ်ခွက်တစ်ခွက်စာကျန်လျှင် အအေးခံစစ်ယူပြီး ထိုပြုတ်ရည်အား  တစ်နေ့တည်း ကုန်အောင် သောက်ပေးပါ။ ထိုသို့ (၅) ရက်ဆက်တိုက်သောက်ပေးလျှင် ဆေးချိုး၊  ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ ဆယ်ရက်ခန့်အထိ ဆက်တိုက်  ပြုလုပ် သောက်နိုင်ပါသည်။ ဆေးချိုး(ကြေး) များ ကွာကျသွားလျှင် အသက်ရှူ ၍ ပိုမိုကောင်းမွန်  လာပြီး သိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။                                    အထက်ပါနည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင်  တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါ သက်သာပျောက်  ကင်းသူ ရှိခဲ့ပါသည်။ ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အဆုတ်ကို စင်ကြယ်  ကောင်းမွန်စေပါသည်။
မှတ်ချက်။      ။ နတ်မောက်မင်းသန့်နိုင် ရေးသားသော သူရဇ္ဇ မဂ္ဂဇင်းမှ ကူးယူဝေငှပါသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...