အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 March, 2015

သြစီလိမ္မော်သီးကို အတုလုပ်ပြီး တရုတ်တွေ ရောင်းချ

တရုတ်နိုင်ငံမှာ ​လူအသုံးအဆောင် ​ပစ္စည်းတွေဖြစ်ကြတဲ့ ​နာမည်ကြီး ​အမှတ်တံဆိပ် ​လက်ကိုင်အိတ်၊ ​ဖုန်း၊ ​နာရီ ​စတာတွေကိုပဲ ​အတုခိုးတာမဟုတ်ပဲ ​သြစတြေးလျနိုင်ငံထွက် ​သစ်သီးတွေကိုလည်း ​အတုခိုးပြီးတော့ ​ရောင်းချတာတွေ ​လုပ်နေတယ်လို့ ​သိရပါတယ်။
သြစတြေးလျနိုင်ငံက ​ထွက်ရှိတဲ့ ​လိမော်သီးတွေဟာ ​တရုတ်နိုင်ငံမှာ ​ရောင်းအားကောင်းနေပြီး ​သြစတြေးလျက ​တန်ချိန်ပေါင်း ​သောင်းနဲ့ချီကို ​တင်ပို့ရောင်းချနေတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ​သြစတြေးလျ ​လိမော်သီးတွေနဲ့ ​တူအောင် ​တရုတ်နိုင်ငံက ​လူတချို့က ​တားမြစ် ​ဆိုးဆေးတွေကို ​သုံးပြီး ​ဈေးတင်ရောင်းနေကြတယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံက ​ထွက်တဲ့ ​အသီးတွေနဲ့ ​တူအောင် ​သစ်သီးတွေကို ​အဆိပ်ဖြစ်စေတဲ့ ​ဆေးရည်ထဲမှာ ​စိမ်ထည့်တာတွေ ​လုပ်ပြီး ​သြစတြေးလျနိုင်ငံကနေ ​လာကြောင်း ​စာသားတွေ ​ရေးသားကြတယ်လို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​ရေးသားထားတဲ့ ​စာသားတွေမှာ ​စာလုံးပေါင်းမှားတာတွေ ​ရှိသလို ​ဆေးဆိုးရောင်တွေက ​မတရားနီတာတွေကြောင့် ​သစ်သီးတုတွေ ​ပေါ်ပြီ ​ဆိုတာကို ​သိကြရတာလို့ ​ဆိုပါတယ်။

ဒါ့အပြင် ​ရာသီမဟုတ်တဲ့ ​အချိန်မှာလည်း ​အဲဒီ ​အသီးတွေကို ​ဆက်လက်ရောင်းချနေတဲ့အတွက် ​သစ်သီးတုမှန်း ​သိကြရတာလို့ ​ပြောပါတယ်။

သြစတြေးလျ ​နိုင်ငံက ​သီးနှံနဲ့ ​အသား၊ ​ငါးတွေဟာ ​အရည်အသွေး ​မြင့်မားတယ်လို့ ​ယုံကြည်တဲ့အတွက် ​အာရှနိုင်ငံတွေမှာ ​ဈေးပိုပေးပြီး ​တင်သွင်းလေ့ရှိပါတယ်။

ABC Radio Australia

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...