အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 August, 2014

Samsung Galaxy Note 4 ကို လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာမည်


Yangon Media Group's photo.
ယခုနောက်ဆုံးရရှိတဲ့ သတင်းများအရတော့ Samsung ဟာ သူရဲ့ နောက်ဆုံးထုတ် မော်ဒယ်စမက် ဖုန်းဖြစ်လာမည့် Galaxy Note 4 ကို လာမည့် စက်တင်ဘာ ၁၅ - ၂၈ ရက်အတွင်း တရားဝင်ထုတ်ဖော်ကြေညာရန် ရှိကြောင်း သတင်းအသစ်တက်လာပါတယ်။ ယခင်က စက်တင်ဘာ တတိယပတ်အတွင်းကျမှ ကြေညာရန်ဆုံးဖြတ်ထားခြင်းဖြစ်ပြီး ယခု
ဒုတိယပတ်အတွင်းသို့ ပြောင်းရွေ့လိုက်ခြင်း ဖြစ်နိုင်ပါတယ်။

သတင်းအရတော့ Samsung ထုတ်ကုန်တွေကို ကြေညာဖို့ မှတ်တမ်းအရ စက်တင်ဘာလ ၁၅ ရက်မှ ၂၈ ရက်နေ့အတွင်း ဖြစ်မည်ဖြစ်ကြောင်း သတင်းအရိပ်အမြွတ်ထွက်လာခြင်း ဖြစ်ပါတယ်။

အတွင်းသတင်းတစ်ပုဒ်အရကတော့ Samsung ဟာ သူရဲ့ ထုတ်ကုန်ကို ကြေညာဖို့အတွက် အချိန်၂ ခုကို ခွဲခြားသတ်မှတ်ထားပြီး ပထမတစ်ခုကတော့ စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက်နေ့ ဖြစ်ပြီး ဒုတိယအချိန်ကတော့ စက်တင်ဘာ ၁၅ ရက်ကနေ ၂၈ ရက်အတွင်း ဖြစ်မယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ Samsung ဟာ သူရဲ့ နောက်မျိုးဆက်သစ်ထုတ်ကုန်ဖြစ်တဲ့ Galaxy Note 4 ကို စက်တင်ဘာလအတွင်းမှာပဲ တရားဝင် ကြေညာမှာကတော့ သေချာသလောက် ရှိနေပါတယ်။

ဈေးနှုန်းအတိအကျမသိရသေးပေမယ့် လက်ရှိ ကြားရတဲ့ သတင်းများအရတော့ ဒေါ်လာ ၇၅၀ ၀န်းကျင်မှာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

Ref : GSMARENA

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...