အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 August, 2014

နှစ်ပေါင်း ၃၀ ကျော်ကြာ အစိုးရကျောင်းဆရာ မရခဲ့တဲ့အတွက် မိုးညိုဒေသခံများ သက်ဆိုင်ရာကို တောင်းဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ အောင်မိုးဟိန်း ရွာမှာ ကျောင်းမြေ ရှိပြီး ဖြစ်ပေမယ့် အစိုးရက ကျောင်းနဲ့ ကျောင်းဆရာ မပေးတဲ့ အတွက် ကျောင်းသား မိဘတွေက မနေ့ကပဲ နိုင်ငံတော် သမ္မတ အပါအ၀င် အခြေခံ ပညာရေး ဦးစီး ဌာနနဲ့ သက်ဆိုင်ရာ တွေကို စာပေးပို့ တောင်းဆို လိုက်ကြပါတယ်။မိုးညိုမြို့နဲ့ ၄ မိုင်လောက်ပဲဝေးပြီး အိမ်ခြေ တစ်ရာကျော်ရှိတဲ့
အဲဒီရွာက ကျောင်းသားတွေဟာ အနီဆုံးကျောင်းရှိတဲ့ ရွာကို သွားဖို့ မြစ်လက်တက်တစ်ခုကို ဖြတ်ရတဲ့အတွက် ကလေးငယ်တွေ အတွက် စိတ်မချရဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းမှာ အပြင်က ဆရာတစ်ယောက်ကို ငှားပြီး ကျောင်းသားငယ်တွေကိုသင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ။်


DVB TV News



အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...