မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ၏ နယ်နိမိတ်အတွင်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်နှင့် စီးပွားရေး လုပ်ငန်းအချို့ ဖွင့်လှစ်ထားသည့် လမ်းမနေရာများတွင် ယာဉ်နှစ်ထပ်ရပ်နားပါက ဆိုင်ဖွင့်လှစ်ခွင့် ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်က မန္တလေးမြို့တော် ခန်းမ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစန်းမောင်က ပြောသည်။
''လူဦးရေတိုးတက်မှု၊ ယာဉ်များ များပြားလာမှု၊ ဆိုင်အရေအတွက် များပြားလာမှုကြောင့် ယာဉ်အန္တရာယ်တွေ၊ လမ်းပိတ်ဆို့မှုတွေ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ လမ်းပိတ် ဆို့မှုတွေဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတစ်ရပ်ကတော့ နံနက်ပိုင်း၊ ညနေပိုင်း လူစည်ကားချိန်တွေမှာ စားသောက်ဆိုင်နဲ့ အခြားသောလုပ်ငန်းတွေ၊ ဆိုင်တွေဖွင့်လှစ်ထားတဲ့ရှေ့မှာ ဆိုင်ကယ်တွေ၊
မော်တော်ယာဉ်တွေ စနစ်တကျ ရပ်နားထားတာမျိုးမရှိတဲ့အပြင် ယာဉ်နှစ်ထပ်ရပ်နားထားတာတွေပါ တွေ့နေရတယ်။ ကျွန်တော်တို့ ပညာပေးကာလကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
ယာဉ်ကြောရှုပ်ထွေးမှု များပြားလာခြင်းကြောင့် မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ် ခြောက်မြို့နယ်အတွင်း ယာဉ်နှစ်ထပ်ရပ်နားခြင်းကို ကန့်သတ်တားမြစ်သည့်အနေဖြင့် ၂ဝ၁၂ ခုနှစ် မတ်လမှစတင်ကာ ၂ဝ၁၄ ခုနှစ် ဇူလိုင်လအထိ အသိပေးကြေညာခြင်း၊ ကြိုတင်အသိပေးကြေညာခြင်း၊ ထပ်မံအသိပေးကြေညာခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် အရေးယူမှုအပိုင်းကို ယခုလမှ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
မန္တလေးခရိုင် စည်ပင်သာယာနယ်နိမိတ် ခြောက်မြို့နယ်အတွင်း လုပ်ငန်းလိုင်စင်ရရှိပြီး ဖွင့်လှစ်ထားသော စားသောက်ဆိုင်ပေါင်း ၇၂၉ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၈ဝ၁ ဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်း ဆိုင် ၅၆၆ ဆိုင်၊ မိုဘိုင်းဖုန်းဆိုင် ၁၉၇ ဆိုင်၊ စတိုး/အဝတ်အထည်ဆိုင် ၄၇၅ ဆိုင်၊ အားကစားကွင်း ၄၅ ကွင်း စုစုပေါင်း ၂၈၁၃ ခုရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
မန္တလေးခရိုင် ခြောက်မြို့နယ်တွင် ၂ဝ၁၄ ခုနှစ် ဇူလိုင်လ မော်တော်ယာဉ် မှတ်တမ်းများအရ မော်တော်ဆိုင်ကယ်အစီးရေ ၆၅၄၃၃ဝ၊ လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် အခြားယာဉ် ၇၉၃ဝ၆ စီး၊ သုံးဘီး၊ ထော်လာဂျီ၊ ယန္တရားနှင့် နောက်တွဲမော်တော်ယာဉ် ၂၇၆ဝ၆ စီး ရှိကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ မှတ်တမ်းများအရ သိရသည်။
ဆိုင်ကယ်ကို အဓိကထား စီးနင်းမောင်းနှင်လေ့ရှိသည့် မန္တလေးမြို့ပေါ်ရှိ လမ်းမကြီးများပေါ်တွင် ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်များသည် အခြားသောမြို့ပြဒေသများထက် ပိုမိုများပြားစွာရှိနေပြီး ဆိုင်များရှေ့လမ်းမပေါ်တွင် ယာဉ်နှစ်ထပ်ရပ်လေ့ရှိသဖြင့် ယာဉ်ကြောရှုပ်ထွေးသည့် အချို့နေရာများတွင် နေ့စဉ်သွားလာရန်ခက်ခဲမှုများရှိနေသည်။
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်နှင့် အခြားသော စီးပွားရေးလုပ်ငန်းဆိုင်များရှေ့တွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်၊ ဆိုင်ကယ်များရှိနေပါက စည်ပင်သာယာရေးကော်မတီ ဥပဒေအရလည်းကောင်း၊ မော်တော်ယာဉ် ဥပဒေအရလည်းကောင်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တာဝန်ရှိသောဆိုင်ကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ တရားဝင်ထုတ်ပြန်ထားသည်။
မန္တလေးမြို့သည် နေ့စဉ် ယာဉ်အန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးမှုများကြုံတွေ့နေရသည့် မြို့ပြဖြစ်ပြီး ယာဉ်ကြောရှုပ်ထွေးသည့် ညနေ ၆ နာရီနှင့် ည ၈ နာရီအကြားအချိန်များတွင် ယာဉ်အန္တရာယ်အများ ဆုံးဖြစ်ပွားလေ့ရှိသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
The Mirror Daily
15 August, 2014
မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရပ်ပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
August
(42)
-
▼
Aug 15
(7)
- မိန်းကလေးချစ်သူထားဖို့ အချိန်မရှိသူတွေ အတွက်
- ပဋိသန္ဓေတားဆေးများက မျိုးစေ့အိမ်ကို ထက်ဝက်ခန့် ကျုံ...
- အစာမကြေဖြစ်ခြင်း
- သင် အင်တာနက်ဖုံး အချိန်ကြာကြာအသုံးပြု့ လျှင်
- မြန်မာနိုင်ငံသား ၅၂ ဦး မလေးရှားတွင် ထောင်ဒဏ်ချမှတ...
- ဓမ္မစေတီ ခေါင်းလောင်း တော် ကြီး ရှာ ဖွေ ရေး ထူးခြား...
- မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရ...
-
▼
Aug 15
(7)
-
▼
August
(42)